YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 4:1-11

ဟေဗြဲ 4:1-11 JBMLE

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။- ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။- ငါ​တို့​မူ​ကား၊ ယုံ​ကြည်​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ထို​သို့​နှင့်​အ​ညီ ဗျာ​ဒိတ်​တော်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု လာ၏။ ချမ်း​သာ​ဟု​ဆို​သော်၊ က​မ္ဘာ​ဦး​က​ပင် အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​တော်​မူ​ရာ ချမ်း​သာ​ဟု ဆို​လို​သ​တည်း။- ခု​နစ်​ရက်​မြောက်​သော​နေ့​ကို အ​ကြောင်း​ပြု၍ ကျမ်း​စာ​တစ်​ချက်၌ လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​အ​လုံး စုံ​တို့​ကို ပြီး​စီး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​ကျမ်း​စာ၌ တစ်​ဖန် လာ​သည်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု​လာ​သ​တည်း။- ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။ တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။- ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။- ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။