YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 3:1-19

ဟေဗြဲ 3:1-19 JBMLE

ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။- မော​ရှေ​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သ​ကဲ့​သို့၊ ယေ​ရှု​သည် မိ​မိ​ကို ခန့်​ထား​တော်​မူ​သော​သူ၏ အ​မှု​တော်၌ သ​စ္စာ​စောင့်​တော်​မူ၏။- အိမ်​ကို​ဆောက်​သော​သူ​သည် အိမ်​ထက်​သာ၍ ကြီး​သော အ​သ​ရေ​ရှိ​သ​ကဲ့​သို့၊ ယေ​ရှု​သည် မော​ရှေ​ထက် သာ၍​ကြီး​သော အ​သ​ရေ​ကို​ခံ​ထိုက်​သော​သူ ဖြစ်​သည်​ဟု ထင်​မှတ်​စ​ရာ​အ​ကြောင်း​ရှိ၏။- အိမ်​မည်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ ဆောက်​သော​ကြောင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​ကို တည်​ဆောက်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။- ခ​ရစ်​တော်​မူ​ကား၊ သား​ကဲ့​သို့ အိမ်​တော်​ကို အုပ်​စိုး၍ သ​စ္စာ​စောင့်​တော်​မူ၏။ ငါ​တို့​သည်​ကား၊ ရဲ​ရင့်​ခြင်း၌​လည်း​ကောင်း၊ မျှော်​လ​င့်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း၌​လည်း​ကောင်း၊ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ထို​အိမ်​တော်​ဖြစ်​သ​တည်း။ ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊- ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။ သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင် ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။- ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​စဉ်​စိတ်​သ​ဘော မှား​ယွင်း​တတ်​ကြ၏။ ငါ၏ အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။- ထို​ကြောင့်၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု မိန့်​တော်​မူ​ချက်​ရှိ​သည်​နှင့်​အ​ညီ၊- ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- ဒု​စ​ရိုက်၏ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့ စိတ်​နှ​လုံး မ​ခိုင်​မာ​စေ​ခြင်း​ငှာ၊ ယ​နေ့​ဟူ၍ ခေါ်​ဝေါ်​သော​အ​ချိန်၊ နေ့​တိုင်း​အ​စဉ် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ငါ​တို့​သည် စိတ်​စွဲ​လမ်း​ခြင်း​ကို အ​စ​ပြု​သ​ကဲ့​သို့ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ခ​ရစ်​တော်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ၏။- ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊ ဆန့်​ကျင်​ဘက်​ပြု​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ကျမ်း​စာ​လာ​သည်​အ​ရာ​မှာ၊- ကြား​ပြီး​မှ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ မော​ရှေ​နောက်​သို့​လိုက်၍ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပြု​ကြ​သည် မ​ဟုတ်​လော။- အ​နှစ်​လေး​ဆယ်​ပတ်​လုံး နှစ်​သက်​တော်​မ​မူ​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ကို ပြု​သော​ကြောင့် တော၌​လဲ၍ သေ​သော​သူ​ပင် မ​ဟုတ်​လော။- သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။- သို့​ဖြစ်၍၊ သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့်​သာ မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။