YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:18-29

ဟေဗြဲ 12:18-29 JBMLE

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊- တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သော်​လည်း ထို​တောင်​ကို ထိ​မိ​လျှင်၊ ကျောက်​ခဲ​နှင့် ပစ်၍ သေ​စေ​ဟု ပ​ညတ်​တော်​မူ​သံ​ကို လူ​တို့​သည် နား​မ​ခံ​နိုင်​ကြ။- ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။- သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊- ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊- ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။ သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။- အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။- တစ်​ဖန် ဟူ​သော​စ​ကား၏​အ​ဓိ​ပ္ပာယ်​ကား၊ မ​လှုပ်​သော​အ​ရာ​တို့​ကို တည်​စေ​ခြင်း​ငှာ၊ လှုပ်​သော​အ​ရာ​တို့​ကို လော​ကီ​အ​ရာ​ကဲ့​သို့ ပယ်​ဖျက်​လိမ့်​မည်​ဟု ဆို​လို​သ​တည်း။- ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။- ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။