YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဗက္ကုတ် 3:17-19

ဟဗက္ကုတ် 3:17-19 JBMLE

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။