YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဗက္ကုတ် 3:17-19

ဟဗက္ကုတ် 3:17-19 Judson Bible (JBMLE)

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဟဗက္ကုတ် 3:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ခွန်အား ဖြစ်​တော်မူ​၏​။ ငါ​၏​ခြေ​တို့​ကို သမင်​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်မြတ်​ကောင်းမွန်​သော​နေရာ​တို့​၌ ငါ့​ကို သွားလာ​စေ​တော်မူ​၏​။ (​ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​သံစဉ်)​။