YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 9:9-17

ကမ္ဘာဦး 9:9-17 JBMLE

သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊ သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။ သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။ ငါ​သည် မိုး​ကို​အုံ့​စေ​သော​အ​ခါ၊ မိုး​တိမ်၌ သက်​တံ​သည်​ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ​ငါ​တစ်​ဖက်၊ သင်​တို့​မှ​စ၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ၊ တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့ တစ်​ဖက်၌​ရှိ​သော၊ ငါ၏​ပ​ဋိ​ညာဉ်​ကို​ငါ​အောက်​မေ့​သ​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။ ဤ​သည်​ကား၊ ငါ​နှင့်​မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​စပ်​ကြား​မှာ၊ ငါ​အ​မြဲ​ဖွဲ့​သော ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​သ​တည်း​ဟု၊ နော​ဧ​ကို ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။