YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 9:1-17

ကမ္ဘာဦး 9:1-17 JBMLE

ဘု​ရား​သ​ခင်​သည်​လည်း၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ၍၊ သင်​တို့​သည်​များ​ပြား​စွာ​မွေး​ဖွား​လျက် မြေ​ကြီး​ကို​ပြည့်​စေ​ကြ​လော့။ မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။ အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။ သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။ အ​ကယ်၍ သင်​တို့​အ​သက်​တည်း​ဟူ​သော၊ သင်​တို့​အ​သွေး​ကို ငါ​တောင်း​မည်။ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့၌ ငါ​တောင်း​မည်။ ခပ်​သိမ်း​သော​လူ​တို့၏​ညီ​အစ်​ကို၌၊ လူ၏​အ​သက်​ကို ငါ​တောင်း​မည်။ အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။ သင်​တို့​သည် သား​ကို​ဖွား၍ များ​ပြား​ကြ​လော့။ မြေ​ပေါ်​မှာ အ​လွန်​မွေး​ဖွား၍ များ​ပြား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​သည်၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊ သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။ သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။ ငါ​သည် မိုး​ကို​အုံ့​စေ​သော​အ​ခါ၊ မိုး​တိမ်၌ သက်​တံ​သည်​ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ​ငါ​တစ်​ဖက်၊ သင်​တို့​မှ​စ၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ၊ တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့ တစ်​ဖက်၌​ရှိ​သော၊ ငါ၏​ပ​ဋိ​ညာဉ်​ကို​ငါ​အောက်​မေ့​သ​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။ ဤ​သည်​ကား၊ ငါ​နှင့်​မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​စပ်​ကြား​မှာ၊ ငါ​အ​မြဲ​ဖွဲ့​သော ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​သ​တည်း​ဟု၊ နော​ဧ​ကို ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။