YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 7:1-16

ကမ္ဘာဦး 7:1-16 JBMLE

ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊ မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ​၏။ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​သော​အ​ခါ၊ နော​ဧ​သည် အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။ ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ကြောင့်၊ နော​ဧ​သည် မိ​မိ သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်၍၊ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ ငှက်​များ​နှင့် မြေ​ပေါ်​မှာ​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။ ခု​နစ်​ရက်​စေ့​သော​အ​ခါ၊ လွှမ်း​မိုး​အပ်​သော​ရေ​သည် မြေ​ပေါ်၌​ပေါ်​လာ၏။ နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။ ထို​နေ့​ရက်​တွင်၊ နော​ဧ​နှ​င့် မိ​မိ​မ​ယား​မှ​စ၍ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော နော​ဧ​သား​သုံး​ယောက်၊ ချွေး​မ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။ သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ​လေ​၏။ ထို​သို့​နော​ဧ​ကို ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဝင်​သော​တိ​ရ​စ္ဆာန်​တို့​သည်၊ ခပ်​သိမ်း​သော​တိ​ရ​စ္ဆာန်​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​စုံ​လျက်​ဝင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ နော​ဧ​ကို အ​ထဲ​မှာ​ပိတ်​ထား​တော်​မူ၏။