YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 50:12-26

ကမ္ဘာဦး 50:12-26 JBMLE

ယာ​ကုပ်​သား​တို့​သည်၊ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ကြ၏။ ခါ​နာန်​ပြည်​သို့​ဆောင်​သွား၍၊ အာ​ဗြ​ဟံ​သည်​ကိုယ်​ပိုင်​သော​သင်္ချိုင်း​ဖို့၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်၌​ဝယ်​သော မံ​ရေ​မြို့​ရှေ့၊ မ​ပ္ပေ​လ​လယ်​ပြင်​တွင်​ရှိ​သော မြေ​တွင်း၌​သင်္ဂြိုဟ်​ကြ၏။ ယော​သပ်​သည်​အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​လျှင်၊ အစ်​ကို​များ​မှ​စ၍ မ​သာ​လိုက်​လာ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊ သူ့​ထံ​သို့​တ​မန်​ကို​စေ​လွှတ်၍၊ ကိုယ်​တော်​အစ်​ကို​တို့​သည် မ​ကောင်း​သော​အ​မှု​ကို ကိုယ်​တော်​အား​ပြု​မိ၍၊ ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။ အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။ သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။ ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။ ထို​သို့​ယော​သပ်​သည် မိ​မိ​အ​ဘ၏​အ​မျိုး​သား​တို့​နှင့် အဲ​ဂု​တ္တု​ပြည်၌​နေ၍၊ အ​သက်​တစ်​ရာ​တစ်​ဆယ်​ကို​မီ၏။ ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။ ယော​သပ်​က​လည်း၊ ကျွန်ုပ်​သေ​တော့​မည်။ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့၊ ဤ​ပြည်​မှ​ဆောင်​သွား​တော်​မူ​မည်​ဟု အစ်​ကို​တို့​အား​ဆို၏။ တစ်​ဖန်​တုံ၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျိန်​ဆို​စေ၏။ ထို​သို့​ယော​သပ်​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ အ​လောင်း​ကို​ကား၊ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်၌ တ​လား​နှင့်​ထား​ကြ​လေ၏။ ရှင်မော​ရှေ​စီ​ရင်​ရေး​ထား​သော ကမ္ဘာဦးကျမ်း​ပြီး၏။