YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 50:12-26

ကမ္ဘာဦး 50:12-26 Judson Bible (JBMLE)

ယာ​ကုပ်​သား​တို့​သည်၊ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ကြ၏။ ခါ​နာန်​ပြည်​သို့​ဆောင်​သွား၍၊ အာ​ဗြ​ဟံ​သည်​ကိုယ်​ပိုင်​သော​သင်္ချိုင်း​ဖို့၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်၌​ဝယ်​သော မံ​ရေ​မြို့​ရှေ့၊ မ​ပ္ပေ​လ​လယ်​ပြင်​တွင်​ရှိ​သော မြေ​တွင်း၌​သင်္ဂြိုဟ်​ကြ၏။ ယော​သပ်​သည်​အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​လျှင်၊ အစ်​ကို​များ​မှ​စ၍ မ​သာ​လိုက်​လာ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊ သူ့​ထံ​သို့​တ​မန်​ကို​စေ​လွှတ်၍၊ ကိုယ်​တော်​အစ်​ကို​တို့​သည် မ​ကောင်း​သော​အ​မှု​ကို ကိုယ်​တော်​အား​ပြု​မိ၍၊ ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။ အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။ သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။ ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။ ထို​သို့​ယော​သပ်​သည် မိ​မိ​အ​ဘ၏​အ​မျိုး​သား​တို့​နှင့် အဲ​ဂု​တ္တု​ပြည်၌​နေ၍၊ အ​သက်​တစ်​ရာ​တစ်​ဆယ်​ကို​မီ၏။ ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။ ယော​သပ်​က​လည်း၊ ကျွန်ုပ်​သေ​တော့​မည်။ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့၊ ဤ​ပြည်​မှ​ဆောင်​သွား​တော်​မူ​မည်​ဟု အစ်​ကို​တို့​အား​ဆို၏။ တစ်​ဖန်​တုံ၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျိန်​ဆို​စေ၏။ ထို​သို့​ယော​သပ်​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ အ​လောင်း​ကို​ကား၊ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်၌ တ​လား​နှင့်​ထား​ကြ​လေ၏။ ရှင်မော​ရှေ​စီ​ရင်​ရေး​ထား​သော ကမ္ဘာဦးကျမ်း​ပြီး၏။

ကမ္ဘာဦး 50:12-26 Common Language Bible (BCL)

ယာ​ကုပ်​၏​သား​တို့​သည်​အ​ဖ​မှာ​ခဲ့​သည့် အ​တိုင်း၊- ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။- ယော​သပ်​သည်​အ​ဖ​ကို​သင်္ဂြိုဟ်​ပြီး​နောက်​သူ ၏​ညီ​အစ်​ကို​များ​မှ​စ​၍ အ​ခြား​လိုက်​ပါ​လာ ကြ​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ​အီ​ဂျစ်​ပြည် သို့​ပြန်​ခဲ့​လေ​သည်။ ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။- ထို့​ကြောင့်​သူ​တို့​သည်​ယော​သပ်​ထံ​သို့​တ​မန် ကို​စေ​လွှတ်​၍``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား ပြစ်​မှား​မိ​ခဲ့​သည့်​အ​တွက်​အ​ပြစ်​ကို​လွှတ် တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား​တောင်း​ပန်​ရန် အ​ဖ​အ​နိစ္စ​မ​ရောက်​မီ​က​မှာ​ကြား​ခဲ့​ပါ သည်။ ထို့​ကြောင့်​အ​ဖ​ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​ကျွန်​များ​ဖြစ်​ကြ​သော​ကျွန်ုပ်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​ပါ'' ဟူ​၍​လျှောက် စေ​၏။ ယော​သပ်​သည်​ထို​လျှောက်​ထား​ချက် ကို​ကြား​ရ​သော​အ​ခါ​ငို​ကြွေး​လေ​၏။ ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။- အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။- မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။ အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။- သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။- ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။- ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။- သို့​ဖြစ်​၍​ယော​သပ်​သည်​အ​သက်​တစ်​ရာ့​တစ် ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။ သူ​တို့​သည်​သူ ၏​ရုပ်​အ​လောင်း​ကို​ကြာ​ရှည်​ခံ​အောင်​ဆေး​စိမ် ၍ အီ​ဂျစ်​ပြည်​၌​ခေါင်း​သွင်း​ထား​ကြ​သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​ကမ္ဘာ​ဦး​ကျမ်း​ပြီး​၏။

ကမ္ဘာဦး 50:12-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​အား ဖခင်​မှာကြား​ထား​သည့်​အတိုင်း မိမိ​တို့​ဖခင်​အတွက်​ပြု​ကြ​၏​။ ယာကုပ်​အလောင်း​ကို ခါနာန်​ပြည်​သို့​သယ်ဆောင်​သွား​၍ အာဗြဟံ​က ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဝယ်ယူ​ထား​သော​လယ်​ဖြစ်​သည့် မံရေ​မြို့​အရှေ့ဘက် မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​၌ သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ ဖခင်​ကို သင်္ဂြိုဟ်​ပြီးနောက် ယောသပ်​သည် မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​ကို​သင်္ဂြိုဟ်​ရန်​လိုက်ပါ​သွား​သော​သူ​အပေါင်း​တို့​နှင့်အတူ အီဂျစ်​ပြည်​သို့ ပြန်လာ​၏​။ ယောသပ်​၏​အစ်ကို​တို့​သည် မိမိ​တို့​ဖခင်​သေဆုံး​ပြီ​ဖြစ်ကြောင်း​သိမြင်​လျှင် သူ​တို့​က “​ယောသပ်​သည် သူ့​အပေါ်​ငါ​တို့​ပြု​ခဲ့​သည့်​မကောင်းမှု​ရှိသမျှ​အတွက် အငြိုးထား​လျှင် ငါ​တို့​ကို ပြန်​၍​လက်စားချေ​လိမ့်မည်​”​ဟု ဆို​ပြီး သူ​တို့​သည် ယောသပ်​ထံသို့ လူ​လွှတ်​၍ “​သခင့်​ဖခင်​မ​ကွယ်လွန်​မီ​က ‘​သခင့်​အပေါ်​မကောင်းမှု​ပြု​ခဲ့​သည့် သခင့်​ညီအစ်ကို​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​’​ဟူ၍ သခင့်​အား​ပြောကြား​ရန် မှာကြား​ခဲ့​ပါ​၏​။ သို့ဖြစ်၍ သခင့်​ဖခင်​ကိုးကွယ်​သည့်​ဘုရားသခင်​၏​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့ ကျူးလွန်​မိ​သော​အပြစ်​များ​ကို ခွင့်လွှတ်​ပါ​လော့​”​ဟု လျှောက်​စေ​၏​။ ထိုသို့​လျှောက်ထား​သောအခါ ယောသပ်​သည် မျက်ရည်ကျ​လေ​၏​။ ထို့နောက် ယောသပ်​၏​ညီအစ်ကို​တို့​သည်​လည်း ရောက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။ ယောသပ်​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ အကျွန်ုပ်​သည် ဘုရားသခင်​ကို ကိုယ်စားပြု​နိုင်​သလော​။ သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။ သို့ဖြစ်၍ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်​သင်​တို့​၏​ကလေး​များ​ကို အကျွန်ုပ်​ကျွေးမွေး​မည်​”​ဟု ဆို​လျက် သူ​တို့​အား​နှစ်သိမ့်​၍ ကြင်နာ​စွာ​စကားပြော​လေ​၏​။ ယောသပ်​သည် မိမိ​ဖခင်​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အီဂျစ်​ပြည်​၌​နေထိုင်​လေ​၏​။ ယောသပ်​သည် အနှစ်​တစ်ရာ့​တစ်ဆယ်​အသက်ရှင်​၍ ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။ ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သေ​ရ​တော့​မည်​။ သို့သော် ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​၍ သင်​တို့​ကို ဤ​ပြည်​မှ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​ခဲ့​သည့်​ပြည်​သို့ ပို့ဆောင်​တော်မူ​မည်​”​ဟု ဆို​လေ​၏​။ တစ်ဖန် ယောသပ်​က “​ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ သင်​တို့​သည် ငါ့​အရိုး​တို့​ကို ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် အစ္စရေး​အမျိုးသား​တို့​အား ကျိန်ဆို​စေ​၏​။ ယောသပ်​သည် အသက်​တစ်ရာ့​တစ်ဆယ်​ရှိ​သော် သေဆုံး​လေ​၏​။ ယောသပ်​၏​အလောင်း​ကို​ဆေးစီရင်​၍ အီဂျစ်​ပြည်​၌ အခေါင်း​ဖြင့်​ထား​ကြ​လေ​၏​။