YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 48:17-22

ကမ္ဘာဦး 48:17-22 JBMLE

အ​ဘ​သည်​လက်​ယာ​လက်​ကို ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ​တင်​သည်​ကို ယော​သပ်​မြင်​လျှင်၊ အား​မ​ရ​သည်​ဖြစ်၍၊ မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။ အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချ​သ​တည်း။ ဣ​သ​ရေ​လ​က​လည်း၊ ငါ​သေ​တော့​မည်။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​ရှိ၍၊ သင်​တို့​ကို ဘိုး​ဘေး​နေ​ရာ​ပြည်​သို့ တစ်​ဖန်​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​မှ​တစ်​ပါး သင်၏​အစ်​ကို​တို့​အား​ပေး​သည်​ထက် သင့်​အား​သာ၍ ပေး​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​ဓား၊ ငါ့​လေး​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​လက်​မှ နုတ်​ယူ​သော​အ​ရာ​ကို သင့်​အား​ငါ​ပေး​သည်​ဟု ယော​သပ်​ကို​ပြော​ဆို၏။