YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 48:1-6

ကမ္ဘာဦး 48:1-6 JBMLE

နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။ သား​ယော​သပ်​လာ​ကြောင်း​ကို ယာ​ကုပ်​သည်​ကြား​လျှင်၊ အား​ထုတ်၍ ခု​တင်​ပေါ်​မှာ​ထိုင်၏။ ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊ ငါ​သည်​သင့်​ကို​တိုး​ပွား​များ​ပြား​စေ​မည်။ သင့်​ကို​များ​စွာ​သော​လူ​ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သင့်​နောက်​မှ​ဤ​ပြည်​ကို အ​စဉ်​အ​မြဲ​ပိုင်​စေ​ခြင်း​ငှာ ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။ နောက်​မှ​သင်​ရ​သော​သား​တို့​သည် သင်၏​သား​ဖြစ်၍ မိ​မိ​အ​မွေ​ခံ​ရာ​တွင် မိ​မိ​အစ်​ကို​တို့​အ​မည်​ဖြင့် သ​မုတ်​ရ​ကြ​မည်။