YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 48:1-14

ကမ္ဘာဦး 48:1-14 JBMLE

နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။ သား​ယော​သပ်​လာ​ကြောင်း​ကို ယာ​ကုပ်​သည်​ကြား​လျှင်၊ အား​ထုတ်၍ ခု​တင်​ပေါ်​မှာ​ထိုင်၏။ ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊ ငါ​သည်​သင့်​ကို​တိုး​ပွား​များ​ပြား​စေ​မည်။ သင့်​ကို​များ​စွာ​သော​လူ​ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သင့်​နောက်​မှ​ဤ​ပြည်​ကို အ​စဉ်​အ​မြဲ​ပိုင်​စေ​ခြင်း​ငှာ ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။ နောက်​မှ​သင်​ရ​သော​သား​တို့​သည် သင်၏​သား​ဖြစ်၍ မိ​မိ​အ​မွေ​ခံ​ရာ​တွင် မိ​မိ​အစ်​ကို​တို့​အ​မည်​ဖြင့် သ​မုတ်​ရ​ကြ​မည်။ ငါ​သည်​ပါ​ဒ​နာ​ရံ​အ​ရပ်​မှ​လာ​သည်​ကာ​လ၊ ခါ​နာန်​ပြည်၌ ခ​ရီး​သွား၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ သင့်​အ​မိ​ရာ​ခေ​လ​သည် ငါ့​အ​နား​မှာ​သေ​ရှာ၏။ သေ​သော​အ​ရပ် ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း၌ သင်္ဂြိုဟ်​လေ​သည်​ဟု ယော​သပ်​အား​ဆို၏။ တစ်​ဖန်​ဣ​သ​ရေ​လ​သည် ယော​သပ်၏​သား​တို့​ကို​ကြည့်​ရှု၍၊ ဤ​သူ​တို့​ကား အ​ဘယ်​သူ​နည်း​မေး​လျှင်၊ ယော​သပ်​က၊ ဤ​ပြည်၌ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ကျွန်ုပ်၏​သား​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​သော်၊ အ​ဘ​က၊ ငါ့​ထံ​သို့​လာ​ပါ​စေ​လော့။ သူ​တို့​ကို​ငါ​ကောင်း​ချီး​ပေး​မည်​ဟု​ဆို၏။ ဣ​သ​ရေ​လ​သည် အ​သက်​ကြီး၍​မျက်​စိ​မှုန်​သ​ဖြင့်၊ မ​မြင်​နိုင်​သော​ကြောင့်၊ သား​တို့​ကို​အ​နီး​သို့​ချဉ်း​ကပ်​စေ၍ ပိုက်​ဖက်​နမ်း​ရှုပ်​လေ၏။ ဣ​သ​ရေ​လ​က​လည်း၊ ငါ​သည်​သင်၏​မျက်​နှာ​ကို မြင်​ရ​မည်​ဟု​ငါ​မ​ထင်။ ယ​ခု​တွင်​သင်၏​သား​တို့​ကို​ပင် ဘု​ရား​သ​ခင်​ပြ​တော်​မူ​ပြီ​ဟု ယော​သပ်​အား​ဆို၏။ ယော​သပ်​သည်​လည်း၊ သား​တို့​ကို​အ​ဘ၏​ဒူး​ကြား​မှ​ထုတ်၍ အ​ဘ​ရှေ့၌​ဦး​ညွှတ်​ချ​စေ၏။ တစ်​ဖန်​ယော​သပ်​သည်​သား​တို့​ကို​ယူ၍ ဧ​ဖ​ရိမ်​ကို လက်​ယာ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ​လက်​ဝဲ​လက်​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကို လက်​ဝဲ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ လက်​ယာ​လက်​သို့​လည်း​ကောင်း​ချဉ်း​ကပ်​စေ၏။ မ​နာ​ရှေ​သည်​သား​ဦး​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​သည် မိ​မိ​လက်​တို့​ကို​ဆန့်၍ လိ​မ္မာ​စွာ​ပဲ့​ပြင်​လျက်၊ အ​သက်​ငယ်​သော​သူ​ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပြီး​လျှင်၊ လက်​ဝဲ​လက်​ကို မ​နာ​ရှေ၏​ခေါင်း​ပေါ်​မှာ​တင်၏။