YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 46:5-25

ကမ္ဘာဦး 46:5-25 JBMLE

တစ်​ဖန်​ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ထွက်၍၊ သူ​စီး​စ​ရာ​ဖို့ ဖာ​ရော​မင်း​ပေး​လိုက်​သော​လှည်း​တို့​ဖြင့် ဣ​သ​ရေ​လ၏​သား​တို့​သည် အ​ဘ​မှ​စ၍ မိန်း​မ​များ​နှင့် သူ​ငယ်​များ​တို့​ကို​ဆောင်​လျက်၊ ခါ​နာန်​ပြည်၌​ရ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ယူ၍ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ​၏။ ယာ​ကုပ်​သည်​ကိုယ်​တိုင်​မှ​စ၍ သား​သ​မီး​မြေး​တည်း​ဟူ​သော အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​လေ​၏။ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ကား၊ ယာ​ကုပ်​နှင့် သူ၏​သား​များ။ သား​ဦး​ရု​ဗင်။ ရု​ဗင်​သား။ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ။ ရှိ​မောင်​သား။ ယေ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး မိန်း​မ​၏​သား​ရှော​လ။ လေ​ဝိ​သား။ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။ ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။ ဣ​သ​ခါ​သား။ တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။ ဇာ​ဗု​လုန်​သား။ သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။ ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​လေ​အာ​သည် ပါ​ဒ​နာ​ရံ​အ​ရပ်၌ ဖွား​သော သား​တည်း။ သ​မီး​ဒိ​န​နှင့်​တ​ကွ၊ သား​သ​မီး​ပေါင်း​သုံး​ဆယ်​သုံး။ ဂဒ်​သား။ ဇိ​ဖျုန်၊ ဟ​ဂ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။ အာ​ရှာ​သား။ ယိ​မ​န။ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ၊ နှ​မ​စေ​ရ​တည်း။ ဗေ​ရိ​ယ​သား၊ ဟေ​ဗာ​နှင့် မာ​လ​ချေ​လ။ ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​လေ​အာ​အား၊ လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဇိ​လ​ပ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​ခြောက်။ ယာ​ကုပ်​မ​ယား ရာ​ခေ​လ​သား။ ယော​သပ်​နှင့် ဗင်္ယာ​မိန်။ အဲ​ဂု​တ္တု​ပြည်၌ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ​သ​မီး​အာ​သ​နတ်​တွင် ယော​သပ်​နှင့်​ရ​သော​သား၊ မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်။ ဗင်္ယာ​မိန်​သား။ ဗေ​လ၊ ဗေ​ခါ၊ အာ​ရှ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။ ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​ရာ​ခေ​လ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​လေး။ ဒန်​သား။ ဟု​ရှိမ်။ နဿ​လိ​သား။ ယာ​ဗေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။ ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​အား​လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဗိ​လ​ဟာ​ဖွား​သော​သား​တည်း။ ပေါင်း​ခု​နစ်။