YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:1-7

ကမ္ဘာဦး 45:1-7 JBMLE

ထို​အ​ခါ ယော​သပ်​သည် မိ​မိ​ထံ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ရှေ့​တွင်၊ ဣ​န္ဒြေ​ကို​မ​ချုပ်​တည်း​နိုင်​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​ငါ့​ထံ​မှ ထွက်​သွား​ကြ​ဟု​ဟစ်​၍ မိ​မိ​ဇာ​တိ​အ​ဖြစ်​ကို အစ်​ကို​တို့​အား​ပြ​သော​အ​ခါ၊ အ​ခြား​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ရ။ သူ​သည်​လည်း ကျယ်​သော​အ​သံ​နှင့်​ငို​ကြွေး​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် နန်း​တော်​တိုင်​အောင်​ကြား​ကြ​၏။ အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။ ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။ သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။