YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:1-7

ကမ္ဘာဦး 45:1-7 Judson Bible (JBMLE)

ထို​အ​ခါ ယော​သပ်​သည် မိ​မိ​ထံ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ရှေ့​တွင်၊ ဣ​န္ဒြေ​ကို​မ​ချုပ်​တည်း​နိုင်​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​ငါ့​ထံ​မှ ထွက်​သွား​ကြ​ဟု​ဟစ်​၍ မိ​မိ​ဇာ​တိ​အ​ဖြစ်​ကို အစ်​ကို​တို့​အား​ပြ​သော​အ​ခါ၊ အ​ခြား​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ရ။ သူ​သည်​လည်း ကျယ်​သော​အ​သံ​နှင့်​ငို​ကြွေး​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် နန်း​တော်​တိုင်​အောင်​ကြား​ကြ​၏။ အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။ ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။ သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

ကမ္ဘာဦး 45:1-7 Common Language Bible (BCL)

ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။- သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။- ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​ယော​သပ်​ဖြစ်​ပါ​သည်။ ကျွန်ုပ်​၏​အ​ဖ အ​သက်​ရှင်​လျက်​ရှိ​သေး​သ​လော'' ဟု​မေး လေ​၏။ သို့​ရာ​တွင်​သူ​၏​ညီ​အစ်​ကို​တို့​သည် စိုး​ရိမ်​ကြောက်​လန့်​ကြ​သ​ဖြင့်​ပြန်​၍​ပင် မ​ဖြေ​နိုင်​ကြ​ချေ။- ထို​နောက်​ယော​သပ်​က``ကျွန်ုပ်​အ​နား​သို့​လာ​ကြ ပါ'' ဟု​ဆို​သ​ဖြင့်​သူ​တို့​သည်​ယော​သပ်​အ​နား သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယော​သပ်​က``ကျွန်ုပ်​သည် သင်​တို့​အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​သော​သင်​တို့ ၏​ညီ​ယော​သပ်​ဖြစ်​ပါ​သည်။- သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။- တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။- ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။

ကမ္ဘာဦး 45:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယောသပ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​သူ​အပေါင်း​တို့​ရှေ့​တွင် မိမိ​စိတ်​ကို မ​ထိန်း​နိုင်​သဖြင့် “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဟစ်အော်​လေ​၏​။ ဤသို့ဖြင့် ယောသပ်​သည် သူ့​အနား​၌ အခြား​မည်သူ​တစ်ယောက်မျှ​မ​ရှိ​သောအခါ မိမိ​ညီအစ်ကို​တို့​အား မိမိ​မည်သူ​ဖြစ်ကြောင်း ပြောပြ​၏​။ သူ​သည် အသံ​ကို​လွှင့်​၍​ငိုကြွေး​သဖြင့် အီဂျစ်​ပြည်သား​တို့​သည်​ကြား​ကြ​၏​။ ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​သည်​လည်း ကြား​ကြ​၏​။ ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သည် ယောသပ်​ဖြစ်​၏​။ အကျွန်ုပ်​၏​ဖခင် အသက်ရှင်​သေး​သလော​”​ဟု မေး​၏​။ သို့သော် ညီအစ်ကို​တို့​သည် ယောသပ်​ရှေ့​၌ ထိတ်လန့်​နေ​ကြ​သဖြင့် သူ့​ကို​ပြန်​မ​ဖြေ​နိုင်​ကြ​။ ထိုအခါ ယောသပ်​က ညီအစ်ကို​တို့​အား “​အကျွန်ုပ်​အနား​သို့​လာ​ကြ​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် အနား​သို့​လာ​ကြ​၏​။ ယောသပ်​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​သို့ သင်​တို့​ရောင်း​လိုက်​သော သင်​တို့​၏​ညီ​ယောသပ်​ဖြစ်​ပါ​၏​။ သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။ မြေကြီး​ပေါ်၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး နှစ်​နှစ်​ဖြစ်​ခဲ့​ပြီ​။ ထွန်ယက်​ခြင်း​၊ ရိတ်သိမ်း​ခြင်း​မ​ပြု​နိုင်​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​။ မြေကြီး​ပေါ်၌ သင်​တို့​အသက်ရှင်​ကျန်ရစ်​စေရန် သင်​တို့​ကို​ထိန်းသိမ်းစောင့်ရှောက်​မည့်​အကြောင်း​၊ ကြီးစွာ​သော​ကယ်တင်​ခြင်း​ဖြင့် သင်​တို့​အသက်ချမ်းသာ​ရာ​ရ​စေ​မည့်​အကြောင်း ဘုရားသခင်​သည် အကျွန်ုပ်​ကို သင်​တို့​ထက်​အလျင် စေလွှတ်​တော်မူ​၏​။