YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 44:14-34

ကမ္ဘာဦး 44:14-34 JBMLE

ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။ ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။ ယု​ဒ​က​လည်း၊ ကျွန်​တော်​တို့​သည်​သ​ခင်​အား အ​ဘယ်​စ​ကား​ဖြင့် လျှောက်​ရ​ပါ​အံ့​နည်း။ အ​ဘယ်​သို့​ပြော​ရ​ပါ​အံ့​နည်း။ ဤ​အ​မှု​နှင့် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​အံ့​နည်း။ ကိုယ်​တော်​ကျွန်​တို့၏​အ​ပြစ်​ကို ဘု​ရား​သ​ခင်​စစ်၍ တွေ့​တော်​မူ​ပြီ။ အ​ကြင်​သူ၌ ဖ​လား​တော်​ကို​တွေ့၏။ ထို​သူ​မှ​စ၍ ကျွန်​တော်​တို့​ရှိ​သ​မျှ​သည် သ​ခင်၏​ကျွန်​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​လေ​သော်၊ ထို​သို့​ငါ​မ​ပြု​ရ။ အ​ကြင်​သူ၏​လက်၌ ငါ့​ဖ​လား​ကို​တွေ့၏။ ထို​သူ​သည် ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ဘ​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့​ဟု စီ​ရင်​လေ၏။ ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။ သ​ခင်​က၊ သင်​တို့​သည်​အ​ဘ​ရှိ​သ​လော။ ညီ​ရှိ​သ​လော​ဟု ကျွန်​တော်​တို့​အား မေး​တော်​မူ​လျှင်၊ ကျွန်​တော်​တို့​က၊ ကျွန်​တော်​တို့​အ​ဘ အ​သက်​ကြီး​သော​သူ​ရှိ​ပါ၏။ အ​ဘ​အ​သက်​ကြီး​စဉ်​အ​ခါ​ရ​သော သား​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သူ၏​အစ်​ကို​သေ​ပါ​ပြီ။ သူ့​အ​မိ​ဖွား​သော​သား​တို့​တွင် သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​ပါ၏။ ထို​ကြောင့် သူ၏​အ​ဘ​သည်​သူ့​ကို​ချစ်​ပါ၏​ဟု သ​ခင်​အား ပြန်​လျှောက်​လေ​သော်၊ ကိုယ်​တော်​က၊ ထို​သူ​ကို​ငါ​ကြည့်​ရှု​ရ​အောင် ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ ကျွန်​တော်​တို့​က ထို​သူ​ငယ်​ကို အ​ဘ​နှင့်​မ​ခွာ​နိုင်​ပါ။ အ​ဘ​နှင့်​ခွာ​လျှင် အ​ဘ​သေ​ပါ​လိမ့်​မည်​ဟု သ​ခင်​အား​လျှောက်​သော်​လည်း၊ ကိုယ်​တော်​က၊ သင်​တို့​ညီ​မ​ပါ​လျှင် သင်​တို့​သည် ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မ​မြင်​ရ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ ထို​နောက်​ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ထံ​သို့ ပြန်၍​ရောက်​သော​အ​ခါ၊ သ​ခင်​စ​ကား​တော်​ကို အ​ဘ​အား​ပြန်​ကြား​ပါ၏။ ကျွန်​တော်​တို့​အ​ဘ​က​လည်း၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဟု​ဆို​သော​အ​ခါ၊ ကျွန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် မ​သွား​နိုင်​ပါ။ ညီ​ပါ​လျှင်​သွား​နိုင်​ပါ၏။ ညီ​မ​ပါ​လျှင် ထို​သူ၏​မျက်​နှာ​ကို​မ​မြင်​ရ​ပါ​ဟု ပြန်​ပြော​ပါ၏။ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​က​လည်း၊ သင်​တို့​သိ​သည်​အ​တိုင်း ငါ့​မ​ယား​သည် ငါ့​အား​သား​နှစ်​ယောက်​ကို​ဖွား၏။ တစ်​ယောက်​ကား ငါ့​ထံ​မှ​ထွက်​သွား၏။ အ​ကယ်​စင်​စစ် သူ​သည် အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ​ပြီ​တ​ကား​ဟု ငါ​ဆို​ရ၏။ ထို​ကာ​လ​မှ​စ၍ သူ့​ကို​ငါ​မ​မြင်​ရ။ ဤ​သူ​ကို​လည်း ငါ့​ထံ​မှ​ယူ​သွား၍ သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏ​နိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ကျွန်​တော်​တို့​အား​ဆို​ပါ၏။ သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊ သူ​ငယ်​မ​ရှိ​သည်​ကို​မြင်​သော​အ​ခါ အ​ဘ​သေ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​တို့​သည်၊ ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​က၊ အ​ကျွန်ုပ်​သည် တစ်​ဖန်​သူ​ငယ်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ အ​စဉ်​မ​ပြတ် အ​ဘ​ရှေ့​မှာ​အ​ပြစ်​ကို​ခံ​ပါ​စေ​ဟု​ဆို​သ​ဖြင့်၊ အ​ဘ​ထံ​မှာ သူ​ငယ်၏​အာ​မ​ခံ​ဖြစ်​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် သူ​ငယ်​အ​တွက်​နေ​ရစ်၍ သ​ခင်​ထံ​ကျွန်​ခံ​ရ​သော​အ​ခွင့်၊ သူ​ငယ်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။