YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 44

44
ပျောက်​သွား​သော​ဖ​လား
1ယော​သပ်​သည်​လည်း ဝန်​စာ​ရေး​ကို​ခေါ်၍ ထို​သူ​တို့​အိတ်​များ၌ ရိ​က္ခာ​ပါ​နိုင်​သ​မျှ အ​ပြည့်​ထည့်​လော့။ လူ​တိုင်း​ဆိုင်​သော​ငွေ​ကို မိ​မိ​တို့​အိတ်​ဝ​တွင်​လည်း​ကောင်း၊ 2စ​ပါး​အ​ဖိုး​ငွေ​နှင့် ငါ့​ငွေ​ဖ​လား​ကို၊ အ​ငယ်​ဆုံး​သော​သူ၏​အိတ်​ဝ​တွင်​လည်း​ကောင်း ထည့်​ထား​လော့​ဟု မှာ​သည်​အ​တိုင်း ဝန်​စာ​ရေး​ပြု​လေ၏။ 3နံ​နက်​မိုး​လင်း​သော​အ​ခါ၊ ထို​သူ​တို့​ကို​မြည်း​များ​နှင့်​တ​ကွ လွှတ်​လိုက်​လေ၏။ 4မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။ 5ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊ 6ဝန်​စာ​ရေး​လိုက်၍​မီ​သော​အ​ခါ ပြော​ဆို​လေ၏။ သူ​တို့​က​လည်း ဤ​စ​ကား​ကို သ​ခင်​သည် အ​ဘယ်​ကြောင့်​ပြော​ပါ​သ​နည်း။ 7ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။ 8ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။ 9ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။ 10ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊ 11ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိတ်​များ​ကို မြေ၌​ချ၍​ဖွင့်​ကြ၏။ 12ဝန်​စာ​ရေး​သည်​လည်၊ အ​ကြီး​မှ​စ၍ အ​ငယ်​တိုင်​အောင်​ရှာ​သ​ဖြင့် ဗင်္ယာ​မိန်​အိတ်၌​ဖ​လား​ကို​တွေ့၏။ 13ထို​အ​ခါ​သူ​တို့​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လူ​တိုင်း​မိ​မိ​မြည်း​ပေါ်​မှာ ဝန်​ကို​တင်​ပြန်​သ​ဖြင့် မြို့​သို့​ပြန်​သွား​ကြ၏။
14ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။ 15ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။ 16ယု​ဒ​က​လည်း၊ ကျွန်​တော်​တို့​သည်​သ​ခင်​အား အ​ဘယ်​စ​ကား​ဖြင့် လျှောက်​ရ​ပါ​အံ့​နည်း။ အ​ဘယ်​သို့​ပြော​ရ​ပါ​အံ့​နည်း။ ဤ​အ​မှု​နှင့် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​အံ့​နည်း။ ကိုယ်​တော်​ကျွန်​တို့၏​အ​ပြစ်​ကို ဘု​ရား​သ​ခင်​စစ်၍ တွေ့​တော်​မူ​ပြီ။ အ​ကြင်​သူ၌ ဖ​လား​တော်​ကို​တွေ့၏။ ထို​သူ​မှ​စ၍ ကျွန်​တော်​တို့​ရှိ​သ​မျှ​သည် သ​ခင်၏​ကျွန်​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​လေ​သော်၊ 17ထို​သို့​ငါ​မ​ပြု​ရ။ အ​ကြင်​သူ၏​လက်၌ ငါ့​ဖ​လား​ကို​တွေ့၏။ ထို​သူ​သည် ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ဘ​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့​ဟု စီ​ရင်​လေ၏။
ဗင်္ယာ​မိန်​အ​တွက်​အ​သ​နား​ခံ​ခြင်း
18ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။ 19သ​ခင်​က၊ သင်​တို့​သည်​အ​ဘ​ရှိ​သ​လော။ ညီ​ရှိ​သ​လော​ဟု ကျွန်​တော်​တို့​အား မေး​တော်​မူ​လျှင်၊ 20ကျွန်​တော်​တို့​က၊ ကျွန်​တော်​တို့​အ​ဘ အ​သက်​ကြီး​သော​သူ​ရှိ​ပါ၏။ အ​ဘ​အ​သက်​ကြီး​စဉ်​အ​ခါ​ရ​သော သား​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သူ၏​အစ်​ကို​သေ​ပါ​ပြီ။ သူ့​အ​မိ​ဖွား​သော​သား​တို့​တွင် သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​ပါ၏။ ထို​ကြောင့် သူ၏​အ​ဘ​သည်​သူ့​ကို​ချစ်​ပါ၏​ဟု သ​ခင်​အား ပြန်​လျှောက်​လေ​သော်၊ 21ကိုယ်​တော်​က၊ ထို​သူ​ကို​ငါ​ကြည့်​ရှု​ရ​အောင် ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ 22ကျွန်​တော်​တို့​က ထို​သူ​ငယ်​ကို အ​ဘ​နှင့်​မ​ခွာ​နိုင်​ပါ။ အ​ဘ​နှင့်​ခွာ​လျှင် အ​ဘ​သေ​ပါ​လိမ့်​မည်​ဟု သ​ခင်​အား​လျှောက်​သော်​လည်း၊ 23ကိုယ်​တော်​က၊ သင်​တို့​ညီ​မ​ပါ​လျှင် သင်​တို့​သည် ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မ​မြင်​ရ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။ 24ထို​နောက်​ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ထံ​သို့ ပြန်၍​ရောက်​သော​အ​ခါ၊ သ​ခင်​စ​ကား​တော်​ကို အ​ဘ​အား​ပြန်​ကြား​ပါ၏။ 25ကျွန်​တော်​တို့​အ​ဘ​က​လည်း၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဟု​ဆို​သော​အ​ခါ၊ 26ကျွန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် မ​သွား​နိုင်​ပါ။ ညီ​ပါ​လျှင်​သွား​နိုင်​ပါ၏။ ညီ​မ​ပါ​လျှင် ထို​သူ၏​မျက်​နှာ​ကို​မ​မြင်​ရ​ပါ​ဟု ပြန်​ပြော​ပါ၏။ 27ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​က​လည်း၊ သင်​တို့​သိ​သည်​အ​တိုင်း ငါ့​မ​ယား​သည် ငါ့​အား​သား​နှစ်​ယောက်​ကို​ဖွား၏။ 28တစ်​ယောက်​ကား ငါ့​ထံ​မှ​ထွက်​သွား၏။ အ​ကယ်​စင်​စစ် သူ​သည် အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ​ပြီ​တ​ကား​ဟု ငါ​ဆို​ရ၏။ ထို​ကာ​လ​မှ​စ၍ သူ့​ကို​ငါ​မ​မြင်​ရ။ 29ဤ​သူ​ကို​လည်း ငါ့​ထံ​မှ​ယူ​သွား၍ သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏ​နိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ကျွန်​တော်​တို့​အား​ဆို​ပါ၏။ 30သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊ 31သူ​ငယ်​မ​ရှိ​သည်​ကို​မြင်​သော​အ​ခါ အ​ဘ​သေ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​တို့​သည်၊ ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​ပါ​လိမ့်​မည်။ 32ကိုယ်​တော်​ကျွန်​က၊ အ​ကျွန်ုပ်​သည် တစ်​ဖန်​သူ​ငယ်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ အ​စဉ်​မ​ပြတ် အ​ဘ​ရှေ့​မှာ​အ​ပြစ်​ကို​ခံ​ပါ​စေ​ဟု​ဆို​သ​ဖြင့်၊ အ​ဘ​ထံ​မှာ သူ​ငယ်၏​အာ​မ​ခံ​ဖြစ်​ပါ၏။ 33သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် သူ​ငယ်​အ​တွက်​နေ​ရစ်၍ သ​ခင်​ထံ​ကျွန်​ခံ​ရ​သော​အ​ခွင့်၊ သူ​ငယ်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ 34သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 44: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ