YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:18-28

ကမ္ဘာဦး 42:18-28 JBMLE

သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ သင်​တို့​သည်​ဖြောင့်​မတ်​သော​သူ​မှန်​လျှင်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ထောင်​အိမ်၌​အ​ချုပ်​ခံ​လျက်​နေ​စေ​ပြီး​လျှင်၊ ကြွင်း​သော​သူ​တို့​မူ​ကား သွား​ကြ​လော့။ အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် စ​ပါး​ကို​ယူ၍​သွား​ကြ​လော့။ အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။ ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။ ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။ ထို​သို့ မိ​မိ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို ယော​သပ်​နား​လည်​သည်​ဟု သူ​တို့​မ​ထင်​ကြ။ အ​ကြောင်း​မူ​ကား၊ ယော​သပ်​သည် စ​ကား​ပြန်​နှင့် သူ​တို့​ကို ပြော​တတ်​သော​ကြောင့်​တည်း။ ထို​အ​ခါ ယော​သပ်​သည် သူ​တို့​ထံ​မှ​ခ​ဏ​ခွာ၍​ငို​လေ၏။ တစ်​ဖန်​လာ​ပြန်၍ နှုတ်​ဆက်​ပြီး​လျှင်၊ ရှိ​မောင်​ကို သူ​တို့​အ​စု​ထဲ​က​ယူ၍ သူ​တို့​ရှေ့​တွင် ချည်​နှောင်​လေ၏။ ထို​နောက်​သူ​တို့​အိတ်​များ​ကို စ​ပါး​နှင့်​ပြည့်​စေ၍၊ သူ​တို့​ငွေ​ကို​လည်း အ​သီး​အ​သီး​အိတ်​တို့​တွင် ပြန်​ထည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​ကို​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း​စီ​ရင်၍ ထို​သို့​လျှင်​သူ​တို့၌​ပြု​လေ၏။ သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။ စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။ ညီ​အစ်​ကို​တို့​အား​လည်း ကျွန်ုပ်​ငွေ​ကို​ပြန်​ထား​ပြီ။ ကြည့်​ပါ၊ အိတ်​ထဲ​မှာ​ရှိ​သည်​ဟု​ဆို​သော်၊ သူ​တို့​သည်​စိတ်​နှ​လုံး​လျော့၍ ကြောက်​လန့်​လျက်၊ ငါ​တို့၌​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ဤ​အ​မှု​သည် အ​ဘယ်​အ​မှု​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက်​ဆို​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။