YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:1-8

ကမ္ဘာဦး 42:1-8 JBMLE

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊ ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။ ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။ ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။