YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:1-38

ကမ္ဘာဦး 42:1-38 JBMLE

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊ ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။ ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။ ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။ ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊ သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။ ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​ဟုတ်​ဘူး။ ပြည်​တော်၌​အား​နည်း​သော အ​ရပ်​ကို​ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​ပြန်၏။ သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့​သည် ခါ​နာန်​ပြည်၌ တစ်​ယောက်​တည်း​သော​သူ၏​သား၊ ညီ​အစ်​ကို​တစ်​ကျိပ်​နှစ်​ယောက် ဖြစ်​ကြ​ပါ၏။ အ​ငယ်​ဆုံး​သော​သူ​ကား အ​ဘ​နှင့်​အ​တူ​ယ​ခု​ရှိ​ရစ်​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ယော​သပ်​က၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏​ဟု ငါ​ဆို​သည်​အ​ရာ​မှာ၊ သင်​တို့​ကို အ​ဘယ်​သို့​စုံ​စမ်း​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ငယ်​ဆုံး​သော​ညီ မ​လာ​လျှင်၊ ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့​သည် ဤ​အ​ရပ်​မှ​မ​ထွက်​မ​သွား​ရ။ သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊ အစ်​ကို​အ​ပေါင်း​တို့​ကို သုံး​ရက်​ချုပ်​ထား​လေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ သင်​တို့​သည်​ဖြောင့်​မတ်​သော​သူ​မှန်​လျှင်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ထောင်​အိမ်၌​အ​ချုပ်​ခံ​လျက်​နေ​စေ​ပြီး​လျှင်၊ ကြွင်း​သော​သူ​တို့​မူ​ကား သွား​ကြ​လော့။ အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် စ​ပါး​ကို​ယူ၍​သွား​ကြ​လော့။ အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။ ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။ ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။ ထို​သို့ မိ​မိ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို ယော​သပ်​နား​လည်​သည်​ဟု သူ​တို့​မ​ထင်​ကြ။ အ​ကြောင်း​မူ​ကား၊ ယော​သပ်​သည် စ​ကား​ပြန်​နှင့် သူ​တို့​ကို ပြော​တတ်​သော​ကြောင့်​တည်း။ ထို​အ​ခါ ယော​သပ်​သည် သူ​တို့​ထံ​မှ​ခ​ဏ​ခွာ၍​ငို​လေ၏။ တစ်​ဖန်​လာ​ပြန်၍ နှုတ်​ဆက်​ပြီး​လျှင်၊ ရှိ​မောင်​ကို သူ​တို့​အ​စု​ထဲ​က​ယူ၍ သူ​တို့​ရှေ့​တွင် ချည်​နှောင်​လေ၏။ ထို​နောက်​သူ​တို့​အိတ်​များ​ကို စ​ပါး​နှင့်​ပြည့်​စေ၍၊ သူ​တို့​ငွေ​ကို​လည်း အ​သီး​အ​သီး​အိတ်​တို့​တွင် ပြန်​ထည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​ကို​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း​စီ​ရင်၍ ထို​သို့​လျှင်​သူ​တို့၌​ပြု​လေ၏။ သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။ စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။ ညီ​အစ်​ကို​တို့​အား​လည်း ကျွန်ုပ်​ငွေ​ကို​ပြန်​ထား​ပြီ။ ကြည့်​ပါ၊ အိတ်​ထဲ​မှာ​ရှိ​သည်​ဟု​ဆို​သော်၊ သူ​တို့​သည်​စိတ်​နှ​လုံး​လျော့၍ ကြောက်​လန့်​လျက်၊ ငါ​တို့၌​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ဤ​အ​မှု​သည် အ​ဘယ်​အ​မှု​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက်​ဆို​ကြ၏။ ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့​ရောက်​လျှင်၊ မိ​မိ​တို့၌​ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​သည်​ကား၊ ထို​ပြည်​ကို​အုပ်​စိုး​သော​သူ​သည် ကြမ်း​တမ်း​စွာ​ပြော​လျက်၊ ကျွန်ုပ်​တို့​ကို ထို​ပြည်၌ သူ​လျှို​လုပ်​သူ​ဟူ၍ မှတ်​လေ၏။ ကျွန်ုပ်​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​ကြ​ပါ၏။ သူ​လျှို​မ​ဟုတ်​ပါ။ တစ်​ဘ​တည်း​သား၊ ညီ​အစ်​ကို​ချင်း တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ။ အ​ငယ်​ဆုံး​သော​သူ​ကား ခါ​နာန်​ပြည်၌ အ​ဘ​နှင့်​အ​တူ ယ​ခု​ရှိ​ရစ်​ပါ​သည်​ဟု လျှောက်​သော​အ​ခါ၊ ထို​ပြည်​ကို အုပ်​စိုး​သော​သ​ခင်​က၊ သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​မှန်​သည်​ကို အ​ဘယ်​သို့ ငါ​သိ​နိုင်​မည်​နည်း​ဆို​သော်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ငါ့​ထံ၌​ထား​ရစ်​ကြ​လော့။ သင်​တို့​အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် အ​စာ​ကို​ယူ၍ သွား​ကြ​လော့၊ အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည် သူ​လျှို​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​ကို ငါ​သိ​လိမ့်​မည်။ သင်​တို့​ညီ​အစ်​ကို ကို​လည်း ငါ​ပြန်၍​အပ်​မည်။ သင်​တို့​သည် ပြည်​တော်၌ ဖောက်​ကား​ရောင်း​ဝယ်​ရ​ကြ​မည်​ဟု​ဆို​ကြောင်း​ကို ကြား​ပြော​ကြ​ပြီး​မှ၊ မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။ အ​ဘ​ယာ​ကုပ်​က​လည်း၊ သင်​တို့​သည် ငါ့​သား​တို့​ကို​လု​ယူ​ကြ​ပြီ။ ယော​သပ်​မ​ရှိ၊ ရှိ​မောင်​မ​ရှိ၊ ဗင်္ယာ​မိန်​ကို​လည်း ယူ​သွား​ချင်​သည်​တ​ကား။ ဤ​အ​မှု​အ​လုံး​စုံ​တို့​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သည်​တ​ကား​ဟု သူ​တို့​အား​ဆို၏။ ရု​ဗင်​က​လည်း၊ ကျွန်ုပ်​သည်​ဗင်္ယာ​မိန်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ ကျွန်ုပ်​သား​နှစ်​ယောက်​တို့​ကို သတ်​ပါ​လော့။ သူ့​ကို​ကျွန်ုပ်​လက်၌​အပ်​ပါ။ ကျွန်ုပ်​တစ်​ဖန် အ​ဘ​ထံ​သို့​ပြန်၍ ဆောင်​ခဲ့​ပါ​မည်​ဟု အ​ဘ​အား​ဆို၏။ အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။