YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:1-17

ကမ္ဘာဦး 42:1-17 JBMLE

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊ ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။ ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။ ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။ ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊ သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။ ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​ဟုတ်​ဘူး။ ပြည်​တော်၌​အား​နည်း​သော အ​ရပ်​ကို​ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​ပြန်၏။ သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့​သည် ခါ​နာန်​ပြည်၌ တစ်​ယောက်​တည်း​သော​သူ၏​သား၊ ညီ​အစ်​ကို​တစ်​ကျိပ်​နှစ်​ယောက် ဖြစ်​ကြ​ပါ၏။ အ​ငယ်​ဆုံး​သော​သူ​ကား အ​ဘ​နှင့်​အ​တူ​ယ​ခု​ရှိ​ရစ်​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ယော​သပ်​က၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏​ဟု ငါ​ဆို​သည်​အ​ရာ​မှာ၊ သင်​တို့​ကို အ​ဘယ်​သို့​စုံ​စမ်း​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ငယ်​ဆုံး​သော​ညီ မ​လာ​လျှင်၊ ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့​သည် ဤ​အ​ရပ်​မှ​မ​ထွက်​မ​သွား​ရ။ သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊ အစ်​ကို​အ​ပေါင်း​တို့​ကို သုံး​ရက်​ချုပ်​ထား​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။