YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 40:1-8

ကမ္ဘာဦး 40:1-8 JBMLE

ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။ ဖာ​ရော​ဘု​ရင်​သည် ထို​အ​မတ်​နှစ်​ယောက်​တည်း​ဟူ​သော ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​ကို​အ​မျက်​ထွက်၍၊ ယော​သပ်​အ​ချုပ်​ခံ​ရာ​ထောင်​တည်း​ဟူ​သော ကိုယ်​ရံ​တော်​မှူး၏​အိမ်၌ ချုပ်​ထား​တော်​မူ၏။ ကိုယ်​ရံ​တော်​မှူး​သည် သူ​တို့​ကို​ယော​သပ်၌​အပ်၍၊ ယော​သပ်​သည် ပြု​စု​ရ၏။ သူ​တို့​လည်း အင်​တန်​ကာ​လ အ​ချုပ်​ခံ​လျက်​နေ​ရ​ကြ၏။ ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။ နံ​နက်​အ​ချိန်​ရောက်​မှ ယော​သပ်​သည် သူ​တို့​ထံ​သို့​ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​သည်​ကို​မြင်​လျှင်၊ သင်​တို့​သည် ယ​နေ့​အ​ဘယ်​ကြောင့်​မျက်​နှာ​ညှိုး​ငယ်​သ​နည်း​ဟု မိ​မိ​သ​ခင်​အိမ်၌ မိ​မိ​နှင့်​အ​တူ​အ​ချုပ်​ခံ​နေ​ရ​သော ဖာ​ရော​မင်း၏​အ​မတ်​တို့​အား​မေး​၏။ သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။