YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:6-20

ကမ္ဘာဦး 39:6-20 JBMLE

သ​ခင်​သည် မိ​မိ၌​ရှိ​သ​မျှ​ကို​ယော​သပ်​လက်​သို့​အပ်၍၊ မိ​မိ​စား​သော​အ​စာ​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၏။ ယော​သပ်​သည် ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။ ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။ ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။ ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။ တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊ သ​ခင်​မ​က ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို​လျက်၊ ယော​သပ်​အ​ဝတ်​ကို​ကိုင်​ဆွဲ​လျှင်၊ ယော​သပ်​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​လေ၏။ ထို​သို့​သ​ခင်​မ​လက်၌ မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ကို သ​ခင်​မ​သိ​မြင်​သော​အ​ခါ၊ အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။ ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊ သ​ခင်​ရောက်​သည်​တိုင်​အောင် ထို​အ​ဝတ်​ကို​မိ​မိ၌​ထား​လေ၏။ သ​ခင်​ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သွင်း​ထား​သော ဟေ​ဗြဲ​ကျွန်​သည် ကျွန်ုပ်​ကို​မ​ရို​မ​သေ​ပြု​ခြင်း​ငှာ​ဝင်​လာ​ပါ၏။ ကျွန်ုပ်​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သော​အ​ခါ၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​ပါ​သည်​ဟူ​သော​စ​ကား​ဖြင့် ကြား​ပြော​လေ၏။ ကိုယ်​တော်၏​ကျွန်​သည် ကျွန်ုပ်၌​ဤ​သို့​ပြု​ခဲ့​ပြီ​ဟု မ​ယား​ပြော​သော​စ​ကား​ကို သ​ခင်​ကြား​လျှင်၊ ယော​သပ်​ကို​အ​မျက်​ထွက်၍၊ ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။