YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:10-23

ကမ္ဘာဦး 39:10-23 JBMLE

ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။ တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊ သ​ခင်​မ​က ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို​လျက်၊ ယော​သပ်​အ​ဝတ်​ကို​ကိုင်​ဆွဲ​လျှင်၊ ယော​သပ်​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​လေ၏။ ထို​သို့​သ​ခင်​မ​လက်၌ မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ကို သ​ခင်​မ​သိ​မြင်​သော​အ​ခါ၊ အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။ ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊ သ​ခင်​ရောက်​သည်​တိုင်​အောင် ထို​အ​ဝတ်​ကို​မိ​မိ၌​ထား​လေ၏။ သ​ခင်​ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သွင်း​ထား​သော ဟေ​ဗြဲ​ကျွန်​သည် ကျွန်ုပ်​ကို​မ​ရို​မ​သေ​ပြု​ခြင်း​ငှာ​ဝင်​လာ​ပါ၏။ ကျွန်ုပ်​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သော​အ​ခါ၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​ပါ​သည်​ဟူ​သော​စ​ကား​ဖြင့် ကြား​ပြော​လေ၏။ ကိုယ်​တော်၏​ကျွန်​သည် ကျွန်ုပ်၌​ဤ​သို့​ပြု​ခဲ့​ပြီ​ဟု မ​ယား​ပြော​သော​စ​ကား​ကို သ​ခင်​ကြား​လျှင်၊ ယော​သပ်​ကို​အ​မျက်​ထွက်၍၊ ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။ သို့​ဖြစ်၍​ထောင်​မှူး​သည် ထောင်၌​ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ယော​သပ်​လက်​သို့​အပ်၍၊ ထောင်​ထဲ​တွင်​ပြု​သ​မျှ​သော​အ​မှု​ကို ယော​သပ်​စီ​ရင်​ရ၏။ ထို​နောက်​ထောင်​မှူး​သည် ထောင်​အ​မှု​ကို​ကိုယ်​တိုင်​ပြန်၍ မ​ကြည့်​မ​ရှု​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​ဘက်​မှာ​ရှိ၍ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​သ​တည်း။