YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 38:13-24

ကမ္ဘာဦး 38:13-24 JBMLE

မိ​မိ​ယော​က္ခ​မ​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ တိ​မ​နတ်​မြို့​သို့​သွား​ကြောင်း​ကို၊ တာ​မာ​ကြား​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။ ယု​ဒ​သည်​ထို​မိန်း​မ​ကို​မြင်​သော​အ​ခါ၊ သူ​သည်​မိ​မိ​မျက်​နှာ​ကို​ဖုံး၍ နေ​သော​ကြောင့်၊ ပြည့်​တန်​ဆာ​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်၊ လမ်း​ကို​လွှဲ၍​အ​နား​သို့​ချဉ်း​ပြီး​လျှင်၊ သင့်​ထံ​သို့ ငါ​ဝင်​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​လေ​သော်၊ မိန်း​မ​က၊ သင်​သည် ကျွန်​မ​ထံ​သို့​ဝင်​လို​သော​ငှာ အ​ဘယ်​ဆု​ကို​ပေး​မည်​နည်း​ဟု​မေး​လျှင်၊ ယု​ဒ​က၊ ဆိတ်​သ​ငယ်​ကို​ပေး​လိုက်​မည်​ဟု ဆို​လေ၏။ မိန်း​မ​က​လည်း၊ မ​ပေး​လိုက်​မီ တစ်​စုံ​တစ်​ခု​သော​အ​ရာ​ကို ပေါင်​ထား​မည်​လော​ဟု​မေး​လျှင်၊ ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။ ထို​နောက်​မှ၊ မိန်း​မ​သည်​ထ​သွား၍ မျက်​နှာ​ဖုံး​ကို​ချွတ်​ပြီး​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို ဝတ်​မြဲ​ဝတ်​ပြန်​လေ၏။ ယု​ဒ​သည် မိန်း​မ၌​ပေါင်​သော​ဥ​စ္စာ​ကို​ရွေး​ယူ​ခြင်း​ငှာ၊ မိ​မိ​အ​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​တွင် ဆိတ်​သ​ငယ်​ကို​ပေး​လိုက်၏။ အ​ဒု​လံ​အ​မျိုး​သား​သည် ထို​မိန်း​မ​ကို​မ​တွေ့​လျှင်၊ ဧ​နိမ်​မြို့​လမ်း​နား​မှာ ထိုင်​နေ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ထို​အ​ရပ်​သား​တို့​ကို​မေး​လေ​သော်၊ အ​ရပ်​သား​တို့​က ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြ​လျှင်၊ ယု​ဒ​ထံ​သို့​ပြန်၍၊ ကျွန်ုပ်​သည် ထို​မိန်း​မ​ကို​ရှာ၍​မ​တွေ့။ အ​ရပ်​သား​တို့​က​လည်း၊ ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြောင်း​ကို ပြော​လေ၏။ ယု​ဒ​က​လည်း၊ ကျွန်ုပ်​တို့​သည် အ​ရှက်​မ​ကွဲ​မည်​အ​ကြောင်း၊ ယူ​ပါ​လေ​စေ။ ကြည့်​ပါ။ ဤ​ဆိတ်​သ​ငယ်​ကို​ကျွန်ုပ်​ပေး​လိုက်၍ သင်​သည်​မိန်း​မ​ကို​ရှာ၍ မ​တွေ့​ပါ​တ​ကား​ဟု​ဆို၏။ ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။