YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:12-28

ကမ္ဘာဦး 37:12-28 JBMLE

အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။ ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊ အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။ တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊ အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊ ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။ အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊ ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။ တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။ ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊ သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။ ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊ ယု​ဒ​က၊ ငါ​တို့​သည် ညီ​ကို​သတ်၍​သေ​ကြောင်း​ကို​ဝှက်​ထား​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ ကိုင်​ကြ။ ကိုယ်​တိုင်​မ​ညှဉ်း​ဆဲ​ဘဲ၊ ဣ​ရှ​မေ​လ​လူ​တို့​အား ရောင်း​လိုက်​ကြ​စို့။ သူ​သည် တို့​ညီ၊ တို့​အ​မျိုး​ဖြစ်၏​ဟု အစ်​ကို​တို့​အား​ဆို​သည်​ရှိ​သော်၊ ညီ​အစ်​ကို​တို့​သည် ဝန်​ခံ​ကြ​၏။ ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။