YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:1-12

ကမ္ဘာဦး 37:1-12 JBMLE

ယာ​ကုပ်​သည် မိ​မိ​အ​ဘ​တည်း​ခို​ရာ​ခါ​နာန်​ပြည်၌​နေ၏။ ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။ ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။ အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။ ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။ အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။ ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။ အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။ တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။ ထို​သို့​အ​ဘ​နှင့် အစ်​ကို​တို့​အား​ကြား​ပြော​သော​အ​ခါ၊ အ​ဘ​က၊ သင်​မြင်​သော​အိပ်​မက်​သည် အ​ဘယ်​သို့​နည်း။ ငါ​နှင့်​သင်​၏​အ​မိ၊ သင်၏​အစ်​ကို​တို့​သည် သင့်​ထံ​သို့​စင်​စစ်​လာ၍ ဦး​ညွှတ်​ချ​ရ​မည်​လော​ဟူ၍၊ သူ့​ကို​ဆုံး​မ​လေ၏။ အစ်​ကို​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ အ​ဘ​သည် ထို​အ​ရာ​ကို​မှတ်​လေ၏။ အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။