YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 35:1-29

ကမ္ဘာဦး 35:1-29 JBMLE

ထို​နောက် ဘု​ရား​သ​ခင်​က၊ သင်​ထ၍​ဗေ​သ​လ​အ​ရပ်​သို့​သွား​နေ​လော့။ သင်​သည် အစ်​ကို​ဧ​သော​ထံ​မှ​ပြေး​သော​အ​ခါ၊ သင့်​အား​ထင်​ရှား​သော ဘု​ရား​သ​ခင်​အ​ဖို့၊ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်​လော့​ဟု၊ ယာ​ကုပ်​အား​မိန့်​တော်​မူ၏။ ထို​အ​ခါ​ယာ​ကုပ်​သည်​အိမ်​သူ​အိမ်​သား​များ​နှင့်၊ မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​တွင်​ပါ​သော၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​တို့​ကို ပယ်​ပစ်​ကြ​လော့။ အ​ဝတ်​ကို​လဲ၍ သန့်​ရှင်း​ခြင်း​ရှိ​စေ​ကြ​လော့။ ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။ သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။ သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။ ယာ​ကုပ်​သည် မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​နှင့်​တ​ကွ၊ ခါ​နာန်​ပြည် လု​ဇ​မြို့​တည်း​ဟူ​သော၊ ဗေ​သ​လ​အ​ရပ်​သို့​ရောက်​ကြ​သော်၊ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထို​အ​ရပ်​ကို ဗေ​သ​လ​အ​မည်​ဖြင့် တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ အ​ကြောင်း​မူ​ကား၊ အစ်​ကို​ထံ​မှ​ပြေး​သော​အ​ခါ၊ ထို​အ​ရပ်၌ ဘု​ရား​သ​ခင်​ထင်​ရှား​တော်​မူ​သ​တည်း။ ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။ ယာ​ကုပ်​သည် ပါ​ဒ​နာ​ရံ​အ​ရပ်​မှ ပြန်​လာ​သော​နောက်၊ တစ်​ဖန်​ဘု​ရား​သ​ခင်​ထင်​ရှား၍ ကောင်း​ကြီး​ပေး​တော်​မူ​ပြီး​လျှင်၊ သင်​သည် ယ​ခု​ယာ​ကုပ်​အ​မည်​ရှိ၏။ နောင်၌ သင်၏​အ​မည်​ကို ယာ​ကုပ်​ဟူ၍​မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်​ဟု မိန့်​တော်​မူ​လျက် ဣ​သ​ရေ​လ​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။ အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​အား ငါ​ပေး​သော​မြေ​ကို သင်​နှင့်​သင်၏​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ယာ​ကုပ်​နှင့်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်​မှ၊ ဘု​ရား​သ​ခင်​တက်​ကြွ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်၌၊ ယာ​ကုပ်​သည် ကျောက်​တိုင်​ကို​စိုက်၍၊ ကျောက်​ဖျာ​ပေါ်၌​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​လောင်း​လေ၏။ ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​ဟူ၍ တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ ထို​နောက်​တစ်​ဖန် ဗေ​သ​လ​အ​ရပ်​မှ ခ​ရီး​သွား​ပြန်၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ ရာ​ခေ​လ​သည် သား​ဖွား​အံ့​သော​အ​ချိန်​ရောက်၍၊ ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။ ထို​သို့​ပြင်း​စွာ​ခံ​နေ​ရ​စဉ်​တွင်၊ ဝမ်း​ဆွဲ​က၊ မ​စိုး​ရိမ်​နှင့်၊ သား​ယောက်ျား​ကို ရ​ပြီ​ဟု​ဆို​လေ၏။ ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။ ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ ယာ​ကုပ်​လည်း သင်္ချိုင်း​အ​ပေါ်​မှာ မှတ်​တိုင်​ကို​စိုက်​လေ၏။ ထို​မှတ်​တိုင်​ကား၊ ယ​နေ့​တိုင်​အောင် ရာ​ခေ​လ၏​သင်္ချိုင်း​မှတ်​တိုင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​သည် တစ်​ဖန်​ခ​ရီး​သွား​ပြန်၍၊ ဧ​ဒါ​လင့်​စင်​ကို​လွန်​ပြီး​မှ တဲ​ကို​ဆောက်​လေ၏။ ထို​အ​ရပ်၌​နေ​သော​အ​ခါ၊ ရု​ဗင်​သည်​သွား၍ အ​ဘ၏​မ​ယား​ငယ်၊ ဗိ​လ​ဟာ​နှင့်​အိပ်​လေ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​ကြား၏။ ယာ​ကုပ်​သား​တစ်​ကျိပ်​နှစ်​ပါး​ရှိ၏။ လေ​အာ​တွင်​မြင်​သော​သား​ကား၊ ယာ​ကုပ်၏​သား​ဦး ရု​ဗင်၊ အ​စ​ရှိ​သော​ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်​တည်း။ ရာ​ခေ​လ​သား​ကား၊ ယော​သပ်​နှင့် ဗင်္ယာ​မိန်​တည်း။ ရာ​ခေ​လ၏​ကျွန်​မ ဗိ​လ​ဟာ​သား​ကား၊ ဒန်​နှင့် နဿ​လိ​တည်း။ လေ​အာ၏​ကျွန်​မ ဇိ​လ​ပ​သား​ကား၊ ဂဒ်​နှင့် အာ​ရှာ​တည်း။ ဤ​သူ​တို့​ကား၊ ပါ​ဒ​နာ​ရံ​ပြည်၌​ဖွား​မြင်​သော ယာ​ကုပ်၏​သား​များ​တည်း။ ထို​နောက်​ယာ​ကုပ်​သည် အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​တည်း​ခို​ရာ၊ မံ​ရေ​အ​ရပ်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော​ကိ​ရ​ယ​သာ​ဘ​မြို့၌​နေ​သော၊ အ​ဘ​ဣ​ဇာက်​ထံ​သို့ ရောက်​လေ၏။ ဣ​ဇာက်​အ​သက်​သည် အ​နှစ်​တစ်​ရာ​ရှစ်​ဆယ်​ပြည့်​စုံ​သည်​ရှိ​သော်၊ အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။

​ကမ္ဘာဦး 35:1-29 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။