ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျာများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာပြီးလျှင်၊ ရေသောက်လာသောသိုး၊ ဆိတ်အထီးအမယှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။ သိုးဆိတ်တို့သည် တံဖျာများရှေ့မှာယှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဖွားကြ၏။ ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစ်စုစီခွဲထားလေ၏။ အားကြီးသောအကောင်တို့သည် ယှက်တင်သောအခါ၊ တံဖျာတို့တွင်ယှက်တင်စေခြင်းငှာ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။ အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကိုမပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသောအကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာဖြစ်လေ၏။ ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်၊ မြည်းအများရှိကြ၏။
ကမ္ဘာဦး 30 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 30:37-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ