YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 30:37-43

ကမ္ဘာဦး 30:37-43 Judson Bible (JBMLE)

ထို​အ​ခါ​ယာ​ကုပ်​သည်၊ စိမ်း​သော​လိ​ဗ​နာ​ပင်၊ လု​ဇ​ပင်၊ အာ​ရ​မုန်​ပင်​တို့၏ အ​ခက်​တံ​ဖျာ​များ​ကို​ယူ၍၊ အ​ဖြူ၊ အ​စိမ်း၊ အ​တန့်​တန့်​ပေါ်​အောင် အ​ခွံ​ကို​လှီး​ခွာ​ပြီး​လျှင်၊ ရေ​သောက်​လာ​သော​သိုး၊ ဆိတ်​အ​ထီး​အ​မ​ယှက်​တင်​စေ​မည်​အ​ကြံ​ရှိ၍၊ ရေ​သောက်​လာ​သော​အ​ခါ၊ အ​ခွံ​ခွာ​ပြီး​သော​တံ​ဖျာ​တို့​ကို ရေ​သောက်​ကျင်း၊ သောက်​ခွက်​တို့၌ သိုး​ဆိတ်​တို့​ရှေ့​မှာ စိုက်​ထား​လေ၏။ သိုး​ဆိတ်​တို့​သည် တံ​ဖျာ​များ​ရှေ့​မှာ​ယှက်​တင်၍၊ အ​ပြောက်​အ​ကျား စ​သည်​တို့​ကို ဖွား​ကြ၏။ ယာ​ကုပ်​သည်​သိုး၊ ဆိတ်​သ​ငယ်​တို့​ကို​လည်း​ခွဲ​ထား၍၊ လာ​ဗန်၏​သိုး​စု၊ ဆိတ်​စု​တွင် အ​ဆင်း​ပြောက်​ကျား​သော​အ​ကောင်၊ အ​ဆင်း​ညို​သော​အ​ကောင်​ရှိ​သ​မျှ​တို့​ရှေ့​မှာ သိုး​ဆိတ်​များ​ကို​မျက်​နှာ​ပြု​စေ၏။ မိ​မိ​တိ​ရ​စ္ဆာန်​များ​နှင့် လာ​ဗန်၏​တိ​ရ​စ္ဆာန်​များ​ကို​လည်း မ​ရော​မ​နှော​စေ​ဘဲ၊ တစ်​စု​စီ​ခွဲ​ထား​လေ၏။ အား​ကြီး​သော​အ​ကောင်​တို့​သည် ယှက်​တင်​သော​အ​ခါ၊ တံ​ဖျာ​တို့​တွင်​ယှက်​တင်​စေ​ခြင်း​ငှာ၊ ယာ​ကုပ်​သည် တံ​ဖျာ​များ​ကို ရေ​ကျင်း၌၊ သူ​တို့​မျက်​မှောက်​တွင် ထား​တတ်၏။ အား​နည်း​သော​အ​ကောင်​တို့​ရှေ​မှာ တံ​ဖျာ​တို့​ကို​မ​ပြ​မ​ထား။ ထို​ကြောင့် အား​နည်း​သော​အ​ကောင်​တို့​သည် လာ​ဗန်၏​ဥ​စ္စာ​ဖြစ်​လေ၏။ အား​ကြီး​သော​အ​ကောင်​တို့​မူ​ကား၊ ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​လေ၏။ ထို​သို့​ယာ​ကုပ်၌ စည်း​စိမ်​တိုး​ပွား၍၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်၊ မြည်း​အ​များ​ရှိ​ကြ၏။

ကမ္ဘာဦး 30:37-43 Common Language Bible (BCL)

ယာ​ကုပ်​သည်​ထင်း​ရှူး​ပင်၊ ဗာ​ဒံ​ပင်၊ ပိုး​ဇာ​ပင် တို့​၏​သစ်​စိမ်း​ကိုင်း​များ​ကို​ယူ​၍ အ​ဖြူ​တန်း များ​ပေါ်​အောင်​အ​ခွံ​ကို​ခွာ​ပစ်​ပြီး​နောက်၊- သိုး​ဆိတ်​များ​၏​ရေ​သောက်​ခွက်​များ​ရှေ့​တွင် ထို​သစ်​ကိုင်း​များ​ကို​ချ​ထား​လေ​သည်။ တိ​ရစ္ဆာန် တို့​သည်​ရေ​သောက်​လာ​သော​အ​ခါ မိတ်​လိုက် တတ်​သော​ကြောင့်​ထို​သို့​ချ​ထား​ခြင်း​ဖြစ်​သည်။- သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။ ယာ​ကုပ်​သည်​သိုး​အုပ်​နှင့်​ဆိတ်​အုပ်​တို့​ကို​ခွဲ ခြား​ထား​ပြီး​လျှင် လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​ထဲ​မှ အ​ပြောက်​အ​ကျား​နှင့်​မည်း​နက်​သော​အ​ကောင် တို့​ကို​မျက်​နှာ​မူ​စေ​သည်။ ထို​နည်း​အား​ဖြင့် သူ​ပိုင်​သော​သိုး​ဆိတ်​များ​ပွား​များ​လာ​၍ လာ​ဗန်​၏​သိုး​ဆိတ်​အုပ်​နှင့်​သီး​ခြား​ထား ရှိ​လေ​သည်။ ယာ​ကုပ်​သည်​သန်​စွမ်း​သော​တိရစ္ဆာန်​များ​မိတ် လိုက်​ကြ​သည့်​အ​ခါ သစ်​ကိုင်း​များ​ကို​မြင်​၍ မိတ်​လိုက်​စေ​ရန်​ရေ​သောက်​ခွက်​များ​၌​သစ် ကိုင်း​များ​ကို​ချ​ထား​လေ့​ရှိ​၏။- ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။- ဤ​နည်း​အား​ဖြင့်​ယာ​ကုပ်​သည်​ပစ္စည်း​ဥစ္စာ အ​လွန်​ချမ်း​သာ​လာ​လေ​၏။ သူ​၌​သိုး​အုပ်၊ ဆိတ်​အုပ်၊ ကျွန်၊ ကု​လား​အုတ်၊ မြည်း​စ​သည် တို့​တိုး​ပွား​များ​ပြား​လာ​လေ​သည်။

ကမ္ဘာဦး 30:37-43 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည် စိမ်း​သော​ပေါ့ပလာပင်​၊ ဗာဒံပင်​နှင့် ပလိန်းပင်​တို့​၏​အရိုးတံ​များ​ကို​ယူ​ပြီးလျှင် ထို​အရိုးတံ​တို့​၌​အဖြူရောင်​အတွင်းသား​ပေါ်​ပြီး အဖြူရောင်​အစင်း​များ​ဖြစ်​အောင်​ခွာ​လေ​၏​။ ထို့နောက် သူ​သည် ခွာ​ထား​သော​အရိုးတံ​များ​ကို သိုးဆိတ်​တို့​ရေ​လာ​သောက်​ရာ ရေစားကျင်း​၊ ရေစားခွက်​တို့​၌ ထို​သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။ သိုးဆိတ်​တို့​သည် ရေသောက်​ရန်​လာ​သောအခါ မိတ်လိုက်​တတ်​ကြ​၏​။ ထိုသို့ သိုးဆိတ်​တို့​သည် ထို​အရိုးတံ​များ​ရှေ့​၌​မိတ်လိုက်​ကြ​ရာ အစင်းကျား​နှင့် အစက်​အပြောက်ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။ ယာကုပ်​သည် မွေးလာ​သည့်​သိုးသငယ်​၊ ဆိတ်သငယ်​တို့​ကို​သီးသန့်​ခွဲထား​၍ သိုးဆိတ်​တို့​ကို လာဗန်​၏​သိုးဆိတ်​တို့​ထဲမှ အစင်းကျား​ပါ​သော​အကောင်​နှင့် ညို​သော​အကောင်​အားလုံး​၏​ရှေ့​၌​ထား​လေ​၏​။ ဤသို့ဖြင့် သူ​သည် မိမိ​ကိုယ်ပိုင်​တိရစ္ဆာန်အုပ်​ဖြစ်လာ​အောင်​ပြု​ပြီး လာဗန်​၏​သိုးဆိတ်​တို့​နှင့်​မ​ရော​ဘဲ​ထား​လေ​၏​။ ထို့ပြင် သန်မာ​သော​သိုးဆိတ်​တို့​မိတ်လိုက်​ကြ​သောအခါ​တိုင်း အရိုးတံ​များ​အနား​၌ မိတ်လိုက်​ကြ​စေရန် ယာကုပ်​သည် ထို​အရိုးတံ​များ​ကို ရေစားကျင်း​၌ သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။ ချည့်နဲ့​သော​သိုးဆိတ်​တို့​ရှေ့​၌​မူကား မ​ထား​ပေ​။ ထို့ကြောင့် ချည့်နဲ့​သော​အကောင်​တို့​သည် လာဗန်​၏​ဥစ္စာ​ဖြစ်လာ​ပြီး သန်မာ​သော​အကောင်​တို့​သည် ယာကုပ်​၏​ဥစ္စာ​ဖြစ်လာ​၏​။ ဤသို့ဖြင့် ယာကုပ်​သည် စည်းစိမ်​အလွန့်အလွန်​တိုးပွား​၍ များစွာ​သော​သိုးဆိတ်​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​နှင့် မြည်း​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။