YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 30

30
1ရာ​ခေ​လ​သည် ယာ​ကုပ်​အား သား​မ​ဖွား​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ အစ်​မ​ကို​ငြူ​စူ​သော​စိတ်​ရှိ၍၊ ငါ့​အား သား​ကို​ပေး​ပါ။ သို့​မ​ဟုတ် ငါ​သေ​တော့​အံ့​ဟု ယာ​ကုပ်​ကို ဆို​လေ၏။ 2ယာ​ကုပ်​က​လည်း၊ ငါ​သည် သင့်​အား သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မ​မူ​သော ဘု​ရား​သ​ခင် ကိုယ်​စား​တော်​ဖြစ်​သ​လော​ဟု၊ ရာ​ခေ​လ​ကို အ​မျက်​ထွက်၍​ပြန်​ဆို၏။ 3ရာ​ခေ​လ​က​လည်း၊ အ​ကျွန်ုပ်၌ ကျွန်​မ​ဗိ​လ​ဟာ​ရှိ​ပါ၏။ သူ့​ထံ​သို့​ဝင်​ပါ။ သူ​သည် အ​ကျွန်ုပ်​ဒူး​ပေါ်​မှာ သား​ဖွား၍၊ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း​ရှိ​ပါ​လိမ့်​မည်​ဟု​ဆို​လျက်၊ 4ကျွန်​မ​ဗိ​လ​ဟာ​ကို ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ​အပ်၍၊ သူ့​ထံ​သို့ ယာ​ကုပ်​ဝင်​လေ၏။ 5ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ 6ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။ 7တစ်​ဖန် ရာ​ခေ​လ၏​ကျွန်​မ​ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ 8ရာ​ခေ​လ​က၊ ငါ​သည် ငါ့​အစ်​မ​နှင့် ကျပ်​ကျပ်​လုံး​ထွေး၍ နိုင်​ခဲ့​ပြီ​ဟု​ဆို၍၊ ထို​သား​ကို နဿ​လိ​အ​မည်​ဖြင့်​မှည့်​လေ၏။
9လေ​အာ​သည်​သား​ပြတ်၍ မ​ဖွား​ဘဲ​နေ​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​မ​ဇိ​လ​ပ​ကို​ယူ၍၊ ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ အပ်​လေ၏။ 10လေ​အာ၏​ကျွန်​မ​ဇိ​လ​ပ​သည်​လည်း ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ 11လေ​အာ​က၊ ကောင်း​ကျိုး​လာ​သည်​ဟု​ဆို၍၊ ထို​သား​ကို ဂဒ်​အ​မည်​ဖြင့် မှည့်​လေ၏။ 12တစ်​ဖန်​လေ​အာ၏ ကျွန်​မ​ဇိ​လ​ပ​သည် ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ 13လေ​အာ​က၊ ငါ၌​မင်္ဂ​လာ​ရှိ၏။ လူ​သ​မီး​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍​ခေါ်​ကြ​လိမ့်​မည်​ဟု ဆို​သ​ဖြင့်၊ ထို​သား​ကို အာ​ရှာ​အ​မည်​ဖြင့်​မှည့်​လေ၏။
14ထို​နောက်၊ ဂျုံ​စ​ပါး​ကို စု​သိမ်း​သော​အ​ချိန်​ကာ​လ၌၊ ရု​ဗင်​သည် လယ်​ပြင်​သို့​ထွက်​သွား​ပြီး​လျှင်၊ အ​နု​ဆေး​သီး​ကို​တွေ့၍၊ မိ​မိ​အ​မိ​လေ​အာ​ထံ​သို့ ဆောင်​ခဲ့​လေ၏။ ရာ​ခေ​လ​က​လည်း၊ သင်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​အ​ချို့​ကို​ပေး​ပါ​လော့​ဟု၊ လေ​အာ​ကို​တောင်း​လျှင်၊ 15လေ​အာ​က၊ သင်​သည် ငါ့​လင်​ကို​ယူ၍ အ​တွက်​မ​ရှိ​ထင်​သ​လော။ ငါ့​သား၏ အ​နု​ဆေး​သီး​ကို​လည်း ယူ​ချင်​သေး​သည်​တ​ကား​ဟု ဆို​လေ​သော်၊ ရာ​ခေ​လ​က၊ သို့​ဖြစ်​လျှင်၊ သင့်​သား၏​အ​နု​ဆေး​သီး​အ​တွက်၊ လင်​သည် ယ​နေ့​ည​တွင် သင်​နှင့်​အိပ်​ရ​မည်​ဟု​ဆို၏။ 16ညဉ့်​ဦး​အ​ချိန်၌၊ လယ်​ပြင်​မှ​ယာ​ကုပ်​လာ​သော​အ​ခါ၊ လေ​အာ​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​သွား၍၊ သင်​သည် အ​ကျွန်ုပ်​ထံ​သို့​ဝင်​ရ​မည်။ အ​ကျွန်ုပ်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​နှင့် သင့်​ကို​အ​ကျွန်ုပ်​ငှား​သည်​မှန်​ပါ၏​ဟု ဆို​သ​ဖြင့်၊ ထို​နေ့​ည​တွင် သူ​နှင့်​အိပ်​ရ​လေ၏။ 17လေ​အာ​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား ပ​ဥ္စ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊ 18ငါ့​ကျွန်​မ​ကို ငါ့​လင်​အား​ပေး​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​အ​ခ​ကို ပေး​တော်​မူ​ပြီ​ဟု​ဆို၍၊ ထို​သား​ကို ဣ​သ​ခါ​အ​မည်​ဖြင့်​မှည့်​လေ၏။ 19တစ်​ဖန်​လေ​အာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား ဆ​ဌ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊ 20ဘု​ရား​သ​ခင်​သည်၊ ကောင်း​သော​လက်​ဖွဲ့​ကို ပေး​သ​နား​တော်​မူ​ပြီ။ ငါ့​လင်​အား သား​ခြောက်​ယောက်​ကို ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​ငါ​နှင့် အ​မြဲ​နေ​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို ဇာ​ဗု​လုန်​အ​မည်​ဖြင့် မှည့်​လေ၏။ 21ထို​နောက်​မှ သ​မီး​ကို​ဖွား၍၊ ဒိ​န​အ​မည်​ဖြင့်​မှည့်​လေ၏။
22ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ 23သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်​လျှင်၊ ငါ​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည်​ပယ်​တော်​မူ​ပြီ​ဟူ၍​လည်း​ကောင်း၊ 24ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​သား​ကို​ထပ်၍ ပေး​တော်​မူ​ပါ​စေ​သော​ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ ထို​သား​ကို ယော​သပ်​အ​မည်​ဖြင့်​မှည့်​လေ​၏။
ယာ​ကုပ်​နှ​င့်​လာ​ဗန်​တို့​စီး​ပွား​ခွဲ​ကြ​ခြင်း
25ရာ​ခေ​လ​သည် ယော​သပ်​ကို​ဖွား​မြင်​ပြီး​သော​နောက်၊ ယာ​ကုပ်​က၊ အ​ကျွန်ုပ်​သည် ကိုယ်​နေ​ရင်း​ပြည်​သို့​သွား​မည်​အ​ကြောင်း အ​ကျွန်ုပ်​ကို​လွှတ်​ပါ​လော့။ 26ကျွန်ုပ်​သည်​အ​စေ​ခံ၍​ရ​သော မ​ယား​နှင့်​သား​တို့​ကို​ဆောင်​ယူ၍၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ ကျွန်ုပ်​အ​စေ​ခံ​သည်​အ​ကြောင်း​ကို အ​ဘ​သိ​ပါ​သည်​ဟု လာ​ဗန်​အား​ဆို​လျှင်၊ 27လာ​ဗန်​က၊ သင်၏​စိတ်​နှင့်​တွေ့​ပါ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ကြောင်း​ကြောင့် ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ​သည်​ကို ငါ​ရိပ်​မိ​ပြီ။ 28ငါ​ပေး​ရ​မည်​အ​ခ​ကို​ပြော​ပါ၊ ငါ​ပေး​မည်​ဟု ဆို​လေ​သော်၊ 29ကျွန်ုပ်​သည် အ​ဘ၌​အ​ဘယ်​သို့ အ​စေ​ခံ​သည်​ကို​လည်း​ကောင်း၊ အ​ဘ၏​တိ​ရ​စ္ဆာန်​တို့​သည် ကျွန်ုပ်၌ အ​ဘယ်​သို့​ရှိ​နေ​သည်​ကို​လည်း​ကောင်း အ​ဘ​သိ​ပါ၏။ 30အ​ထက်​က အ​ဘ၏​ဥ​စ္စာ​နည်း​လှ၏။ ယ​ခု​တိုး​ပွား၍ များ​ပြား​လျက်​ရှိ၏။ ကျွန်ုပ်​သွား​လာ​လုပ်​ကိုင်​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘ​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​မှာ၊ ကျွန်ုပ်​သည် ကိုယ်​အိမ်​သူ​အိမ်​သား​တို့​ကို အ​ဘယ်​သော​အ​ခါ ကျွန်ုပ်​ပြု​စု​ရ​ပါ​အံ့​နည်း​ဟု ဆို​လေ၏။ 31လာ​ဗန်​က​လည်း၊ အ​ဘယ်​အ​ခ​ကို​ပေး​ရ​မည်​နည်း​ဟု မေး​ပြန်​လျှင်၊ ယာ​ကုပ်​က၊ ဘာ​ကို​မျှ​မ​ပေး​ပါ​နှင့်၊ ကျွန်ုပ်၌​ကျေး​ဇူး​တစ်​ခု​ပြု​လို​လျှင်၊ အ​ဘ၏​သိုး​စု၊ ဆိတ်​စု​ကို တစ်​ဖန်​ကျွေး​မွေး​စောင့်​ထိန်း​ပါ​ဦး​မည်။ 32ယ​နေ့​သိုး​စု၊ ဆိတ်​စု​တစ်​လျှောက်​လုံး​ကို ကျွန်ုပ်​သွား၍၊ ပြောက်​ကျား​သော​ဆိတ်​များ၊ ညို​သော​သိုး​များ​ရှိ​သ​မျှ​တို့​ကို ရွေး​နုတ်​ခွဲ​ထား​ပါ​မည်။ နောက်​မှ ပြောက်​ကျား​သော​ဆိတ်၊ ညို​သော​သိုး​တို့​သည် ကျွန်ုပ်၏​အ​ခ​ဖြစ်​စေ​လော့။ 33သို့​ဖြစ်၍၊ နောင်​ကာ​လ၌​ကျွန်ုပ်၏​အ​ခ​သည်၊ အ​ဘ​ရှေ့​သို့​ရောက်​သော​အ​ခါ၊ ကျွန်ုပ်၏​ဖြောင့်​မတ်​ခြင်း​သည် ကျွန်ုပ်​ကို​စောင့်​ရှောက်​ပါ​လိမ့်​မည်။ မ​ပြောက်​မ​ကျား​သော​ဆိတ်၊ မ​ညို​သော​သိုး​ရှိ​သ​မျှ​တို့​ကို၊ ကျွန်ုပ်​ခိုး​သော​အ​ကောင်​ဟူ၍ မှတ်​စေ​လော့​ဟု ဆို​လေ၏။ 34လာ​ဗန်​က​လည်း၊ သင်​ပြော​တိုင်း​ဖြစ်​လော့​ဟု​ဝန်​ခံ၍၊ ထို​နေ့၌​ပင်၊ ပြောက်​ကျား​သော​ဆိတ်​ထီး၊ ပြောက်​ကျား​သော​ဆိတ်​မ၊ 35အ​ဖြူ​ပါ​သော​ဆိတ်​ရှိ​သ​မျှ​တို့​နှင့်၊ အ​ဆင်း​ညို​သော သိုး​ရှိ​သ​မျှ​တို့​ကို​ရွေး၍၊ မိ​မိ​သား​တို့​လက်​သို့ အပ်​ပေး​လေ၏။ 36ကိုယ်​နေ​ရာ​အ​ရပ်​နှင့်၊ ယာ​ကုပ်​နေ​ရာ​အ​ရပ်​ကို သုံး​ရက်​ခ​ရီး​ကွာ​စေ​ခြင်း​ငှာ စီ​ရင်​သေး၏။ ယာ​ကုပ်​သည် ကြွင်း​သော​လာ​ဗန်၏​သိုး​ဆိတ်​များ​ကို​ထိန်း​လျက် နေ​ရ​လေ၏။
37ထို​အ​ခါ​ယာ​ကုပ်​သည်၊ စိမ်း​သော​လိ​ဗ​နာ​ပင်၊ လု​ဇ​ပင်၊ အာ​ရ​မုန်​ပင်​တို့၏ အ​ခက်​တံ​ဖျာ​များ​ကို​ယူ၍၊ အ​ဖြူ၊ အ​စိမ်း၊ အ​တန့်​တန့်​ပေါ်​အောင် အ​ခွံ​ကို​လှီး​ခွာ​ပြီး​လျှင်၊ 38ရေ​သောက်​လာ​သော​သိုး၊ ဆိတ်​အ​ထီး​အ​မ​ယှက်​တင်​စေ​မည်​အ​ကြံ​ရှိ၍၊ ရေ​သောက်​လာ​သော​အ​ခါ၊ အ​ခွံ​ခွာ​ပြီး​သော​တံ​ဖျာ​တို့​ကို ရေ​သောက်​ကျင်း၊ သောက်​ခွက်​တို့၌ သိုး​ဆိတ်​တို့​ရှေ့​မှာ စိုက်​ထား​လေ၏။ 39သိုး​ဆိတ်​တို့​သည် တံ​ဖျာ​များ​ရှေ့​မှာ​ယှက်​တင်၍၊ အ​ပြောက်​အ​ကျား စ​သည်​တို့​ကို ဖွား​ကြ၏။ 40ယာ​ကုပ်​သည်​သိုး၊ ဆိတ်​သ​ငယ်​တို့​ကို​လည်း​ခွဲ​ထား၍၊ လာ​ဗန်၏​သိုး​စု၊ ဆိတ်​စု​တွင် အ​ဆင်း​ပြောက်​ကျား​သော​အ​ကောင်၊ အ​ဆင်း​ညို​သော​အ​ကောင်​ရှိ​သ​မျှ​တို့​ရှေ့​မှာ သိုး​ဆိတ်​များ​ကို​မျက်​နှာ​ပြု​စေ၏။ မိ​မိ​တိ​ရ​စ္ဆာန်​များ​နှင့် လာ​ဗန်၏​တိ​ရ​စ္ဆာန်​များ​ကို​လည်း မ​ရော​မ​နှော​စေ​ဘဲ၊ တစ်​စု​စီ​ခွဲ​ထား​လေ၏။ 41အား​ကြီး​သော​အ​ကောင်​တို့​သည် ယှက်​တင်​သော​အ​ခါ၊ တံ​ဖျာ​တို့​တွင်​ယှက်​တင်​စေ​ခြင်း​ငှာ၊ ယာ​ကုပ်​သည် တံ​ဖျာ​များ​ကို ရေ​ကျင်း၌၊ သူ​တို့​မျက်​မှောက်​တွင် ထား​တတ်၏။ 42အား​နည်း​သော​အ​ကောင်​တို့​ရှေ​မှာ တံ​ဖျာ​တို့​ကို​မ​ပြ​မ​ထား။ ထို​ကြောင့် အား​နည်း​သော​အ​ကောင်​တို့​သည် လာ​ဗန်၏​ဥ​စ္စာ​ဖြစ်​လေ၏။ အား​ကြီး​သော​အ​ကောင်​တို့​မူ​ကား၊ ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​လေ၏။ 43ထို​သို့​ယာ​ကုပ်၌ စည်း​စိမ်​တိုး​ပွား၍၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်၊ မြည်း​အ​များ​ရှိ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ