YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 29

29
ရာ​ခေ​လ​ကို​ယာ​ကုပ်​တွေ့​ဆုံ
1တစ်​ဖန်​ယာ​ကုပ်​သည် ခ​ရီး​သွား၍၊ အ​ရှေ့​ပြည်​သား​တို့​နေ​ရာ​အ​ရပ်​သို့ ရောက်​ပြီး​လျှင်၊ 2မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။ 3သိုး​ထိန်း​အ​ပေါင်း​တို့​သည် ထို​အ​ရပ်၌​စု​ဝေး​သော​အ​ခါ၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်၍၊ သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင်၊ ထို​ကျောက်​ကို မိ​မိ​နေ​ရာ​ရေ​တွင်း​ဝ​ပေါ်​မှာ တစ်​ဖန်​တင်​ထား​လေ့​ရှိ၏။ 4ယာ​ကုပ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ ငါ​တို့​သည် ခါ​ရန်​မြို့​က​လာ​ကြ​သည်​ဟု ပြော​ဆို​လေ၏။ 5တစ်​ဖန်​ယာ​ကုပ်​က၊ နာ​ခေါ်​သား​လာ​ဗန်​ကို သိ​သ​လော​ဟု​မေး​လျှင်၊ သိ၏​ဟု​ပြန်​ဆို​သော်၊ 6သူ​သည်​မာ​ပါ၏​လော​ဟု တစ်​ဖန်​မေး​ပြန်​လျှင်၊ မာ​ပါ၏။ သူ၏​သ​မီး​ရာ​ခေ​လ​သည် သိုး​များ​နှင့်​တ​ကွ​လာ​လိမ့်​မည်​ဟု ဆို​ကြ​လေ​၏။ 7ယာ​ကုပ်​က​လည်း၊ နေ့​အ​ချိန် အ​လွန်​များ​စွာ​ရှိ​သေး၏။ သိုး​တို့​ကို စု​ဝေး​ရာ​အ​ချိန်​မ​ဟုတ်​သေး။ ရေ​တိုက်​ပြီး​လျှင်၊ သွား၍​ထိန်း​ကြ​ဦး​လော့​ဟု ဆို​လေ၏။ 8သူ​တို့​က​လည်း၊ သိုး​ထိန်း​အ​ပေါင်း​စု​ဝေး၍၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​မှ​သာ၊ သိုး​တို့​ကို​ရေ​တိုက်​ရ၏။ သို့​မ​ဟုတ်၊ မ​တိုက်​ရ​ဟု​ပြန်​ဆို​ကြ​၏။ 9ထို​သို့​တစ်​ဦး​နှင့် တစ်​ဦး​နှုတ်​ဆက်​ကြ​စဉ်​တွင်၊ ရာ​ခေ​လ​သည်၊ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ရ​သည်​ဖြစ်၍၊ သိုး​တို့​ကို​ဆောင်​လျက်​လာ၏။ 10ယာ​ကုပ်​သည်၊ မိ​မိ​ဦး​ရီး​လာ​ဗန်၏​သ​မီး​ရာ​ခေ​လ​နှင့် ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို မြင်​သော​အ​ခါ၊ အ​နီး​သို့​ချဉ်း၍၊ ရေ​တွင်း၌​ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို ရေ​တိုက်​လေ၏။ 11ထို​နောက်၊ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​နမ်း​၍၊ ကျယ်​သော​အ​သံ​နှင့်​ငို​လေ​၏။ 12မိ​မိ​သည် ရာ​ခေ​လ​အ​ဘ၏​တူ၊ ရေ​ဗ​က္က​၏​သား​ဖြစ်​ကြောင်း​ကို ကြား​ပြော​လျှင်၊ ရာ​ခေ​လ​သည်​ပြေး​၍ မိ​မိ​အ​ဘ​အား​ပြန်​ကြား​လေ၏။ 13လာ​ဗန်​သည် မိ​မိ​တူ​ယာ​ကုပ်၏ သ​တင်း​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကြို​ဆို​ခြင်း​ငှာ အ​လျင်​အ​မြန်​သွား၍၊ ပိုက်​ဖက်​နမ်း​ရှုတ်​လျက်၊ မိ​မိ​အိမ်​သို့​ဆောင်​သွား​လေ၏။ ယာ​ကုပ်​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ကြား​ပြော​လျှင်၊ 14လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။
လေ​အာ​နှင့်​ရာ​ခေ​လ​တို့​အ​တွက် အ​စေ​ခံ​ခြင်း
15ယာ​ကုပ်​သည် တစ်​လ​ခန့်​မျှ​နေ​ပြီး​မှ၊ လာ​ဗန်​က၊ သင်​သည် ငါ့​တူ​ဖြစ်​သော​ကြောင့်၊ အ​ကျိုး​မဲ့​ကျွန်​ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့​ဟု ဆို​လေ​၏။ 16ထို​အ​ခါ လာ​ဗန်၌ သ​မီး​နှစ်​ယောက်​ရှိ၏။ အ​ကြီး​ကား၊ လေ​အာ​အ​မည်​ရှိ၏။ အ​ငယ်​ကား၊ ရာ​ခေ​လ​အ​မည်​ရှိ၏။ 17လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။ 18ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ လာ​ဗန်​အား၊ ဦး​မင်း​သ​မီး​အ​ငယ်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ၊ ခု​နစ်​နှစ်​အ​စေ​ခံ​ပါ​မည်​ဟု​ဆို​လျှင်၊ 19လာ​ဗန်​က၊ အ​ခြား​သော​သူ​အား ပေး​စား​သည်​ထက်၊ သင့်​အား​ပေး​စား​သော် သာ၍​ကောင်း၏။ ငါ​နှင့်​အ​တူ​နေ​လော့​ဟု​ဆို၏။ 20ယာ​ကုပ်​သည်​လည်း၊ ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။ ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ ခု​နစ်​နှစ်​ကို နည်း​သော​နေ့​ရက်​ကဲ့​သို့​ထင်​မှတ်​သ​တည်း။
21ယာ​ကုပ်​က​လည်း၊ ချိန်း​ချက်​သော အ​ချိန်​စေ့​ပါ​ပြီ။ ကျွန်ုပ်​သည် မ​ယား​နှင့်​ဆက်​ဆံ​ဖို့​ရာ​ပေး​စား​ပါ​ဟု လာ​ဗန်​အား​ဆို​လျှင်၊ 22လာ​ဗန်​သည် ထို​အ​ရပ်၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​စည်း​ဝေး​စေ၍ ပွဲ​လုပ်​လေ၏။ 23-24ညဉ့်​ဦး​အ​ချိန်​ရောက်​မှ၊ ဇိ​လ​ပ​အ​မည်​ရှိ​သော ကျွန်​မ​ကို​သ​မီး​လေ​အာ၌ လက်​ဖွဲ့​လျက်၊ ထို​သ​မီး​ကို​ဆောင်​သွင်း၍၊ ယာ​ကုပ်​သည်​သူ​နှင့်​ဆက်​ဆံ​လေ၏။ 25နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊ 26လာ​ဗန်​က၊ ငါ​တို့​ပြည်၌ သ​မီး​အ​ကြီး​ကို​မ​ပေး​စား​မီ၊ အ​ငယ်​ကို​မ​ပေး​စား​ရ။ 27ခု​နစ်​ရက်​စေ့​အောင်​ငံ့​ဦး​လော့။ နောက်​တစ်​ဖန် ခု​နစ်​နှစ်​အ​စေ​ခံ​ရ​သည်​အ​တွက်၊ ရာ​ခေ​လ​ကို​လည်း သင့်​အား​ပေး​စား​ဦး​မည်​ဟု ဆို​သည်​အ​တိုင်း၊ 28-29ယာ​ကုပ်​ဝန်​ခံ၍ ခု​နစ်​ရက်​စေ့​ပြီး​မှ၊ လာ​ဗန်​သည် ဗိ​လ​ဟာ​အ​မည်​ရှိ​သော ကျွန်​မ​ကို​လက်​ဖွဲ့​လျက်၊ သ​မီး​ရာ​ခေ​လ​ကို​ပေး​စား​လေ၏။ 30ယာ​ကုပ်​သည် ရာ​ခေ​လ​နှင့်​ဆက်​ဆံ၍၊ လေ​အာ​ကို​ချစ်​သည်​ထက်​သာ၍​ချစ်၏။ လာ​ဗန်​ထံ​မှာ တစ်​ဖန်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။
ယာ​ကုပ်​သား​သ​မီး​ရ​ရှိ​ခြင်း
31လေ​အာ​သည်​အ​မုန်း​ခံ​ရ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ​မြင်၍၊ သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ရာ​ခေ​လ​မူ​ကား​မြုံ၏။ 32လေ​အာ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့်၊ သား​ကို​ဖွား​မြင်၍ ရု​ဗင်​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘုရား​သည် ငါ၏​ဆင်း​ရဲ​ခံ​ခြင်း​ကို အ​မှန်​ကြည့်​မြင်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ယ​ခု​ငါ့​လင်​သည် ငါ့​ကို​ချစ်​လိမ့်​မည်​ဟု ဆို​သ​တည်း။ 33တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ​သည်​အ​မုန်း​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား ကြား​သော​ကြောင့်၊ ဤ​သား​ကို​လည်း ပေး​သ​နား​တော်​မူ​ပြီ​ဟု​ဆို​ပြီး​လျှင်၊ ထို​သား​ကို ရှိ​မောင်​အ​မည်​ဖြင့်​မှည့်​လေ၏။ 34တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ့​လင်​အား သား​သုံး​ယောက်​ကို ငါ​ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​တစ်​ခါ​သူ​သည် ငါ​နှင့် ပေါင်း​ဖော်​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို လေ​ဝိ​အ​မည်​ဖြင့်​မှည့်​လေ၏။ 35တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ငါ​ချီး​မွမ်း​မည်​ဟု ဆို​သည်​ဖြစ်၍၊ ထို​သား​ကို ယု​ဒ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​နောက်၊ သား​ပြတ်၍​မ​ဖွား​ဘဲ​နေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ