လေအာသည်အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ရာခေလမူကားမြုံ၏။ လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဖွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန်ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။ တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။ တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဖွားမြင်သောကြောင့်၊ ယခုတစ်ခါသူသည် ငါနှင့် ပေါင်းဖော်လိမ့်မည်ဟုဆို၍၊ ထိုသားကို လေဝိအမည်ဖြင့်မှည့်လေ၏။ တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍မဖွားဘဲနေ၏။
ကမ္ဘာဦး 29 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 29:31-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ