YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 29:22-30

ကမ္ဘာဦး 29:22-30 JBMLE

လာ​ဗန်​သည် ထို​အ​ရပ်၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​စည်း​ဝေး​စေ၍ ပွဲ​လုပ်​လေ၏။ ညဉ့်​ဦး​အ​ချိန်​ရောက်​မှ၊ ဇိ​လ​ပ​အ​မည်​ရှိ​သော ကျွန်​မ​ကို​သ​မီး​လေ​အာ၌ လက်​ဖွဲ့​လျက်၊ ထို​သ​မီး​ကို​ဆောင်​သွင်း၍၊ ယာ​ကုပ်​သည်​သူ​နှင့်​ဆက်​ဆံ​လေ၏။ နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊ လာ​ဗန်​က၊ ငါ​တို့​ပြည်၌ သ​မီး​အ​ကြီး​ကို​မ​ပေး​စား​မီ၊ အ​ငယ်​ကို​မ​ပေး​စား​ရ။ ခု​နစ်​ရက်​စေ့​အောင်​ငံ့​ဦး​လော့။ နောက်​တစ်​ဖန် ခု​နစ်​နှစ်​အ​စေ​ခံ​ရ​သည်​အ​တွက်၊ ရာ​ခေ​လ​ကို​လည်း သင့်​အား​ပေး​စား​ဦး​မည်​ဟု ဆို​သည်​အ​တိုင်း၊ ယာ​ကုပ်​ဝန်​ခံ၍ ခု​နစ်​ရက်​စေ့​ပြီး​မှ၊ လာ​ဗန်​သည် ဗိ​လ​ဟာ​အ​မည်​ရှိ​သော ကျွန်​မ​ကို​လက်​ဖွဲ့​လျက်၊ သ​မီး​ရာ​ခေ​လ​ကို​ပေး​စား​လေ၏။ ယာ​ကုပ်​သည် ရာ​ခေ​လ​နှင့်​ဆက်​ဆံ၍၊ လေ​အာ​ကို​ချစ်​သည်​ထက်​သာ၍​ချစ်၏။ လာ​ဗန်​ထံ​မှာ တစ်​ဖန်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။