YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 29:14-30

ကမ္ဘာဦး 29:14-30 JBMLE

လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။ ယာ​ကုပ်​သည် တစ်​လ​ခန့်​မျှ​နေ​ပြီး​မှ၊ လာ​ဗန်​က၊ သင်​သည် ငါ့​တူ​ဖြစ်​သော​ကြောင့်၊ အ​ကျိုး​မဲ့​ကျွန်​ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့​ဟု ဆို​လေ​၏။ ထို​အ​ခါ လာ​ဗန်၌ သ​မီး​နှစ်​ယောက်​ရှိ၏။ အ​ကြီး​ကား၊ လေ​အာ​အ​မည်​ရှိ၏။ အ​ငယ်​ကား၊ ရာ​ခေ​လ​အ​မည်​ရှိ၏။ လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ လာ​ဗန်​အား၊ ဦး​မင်း​သ​မီး​အ​ငယ်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ၊ ခု​နစ်​နှစ်​အ​စေ​ခံ​ပါ​မည်​ဟု​ဆို​လျှင်၊ လာ​ဗန်​က၊ အ​ခြား​သော​သူ​အား ပေး​စား​သည်​ထက်၊ သင့်​အား​ပေး​စား​သော် သာ၍​ကောင်း၏။ ငါ​နှင့်​အ​တူ​နေ​လော့​ဟု​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။ ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ ခု​နစ်​နှစ်​ကို နည်း​သော​နေ့​ရက်​ကဲ့​သို့​ထင်​မှတ်​သ​တည်း။ ယာ​ကုပ်​က​လည်း၊ ချိန်း​ချက်​သော အ​ချိန်​စေ့​ပါ​ပြီ။ ကျွန်ုပ်​သည် မ​ယား​နှင့်​ဆက်​ဆံ​ဖို့​ရာ​ပေး​စား​ပါ​ဟု လာ​ဗန်​အား​ဆို​လျှင်၊ လာ​ဗန်​သည် ထို​အ​ရပ်၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​စည်း​ဝေး​စေ၍ ပွဲ​လုပ်​လေ၏။ ညဉ့်​ဦး​အ​ချိန်​ရောက်​မှ၊ ဇိ​လ​ပ​အ​မည်​ရှိ​သော ကျွန်​မ​ကို​သ​မီး​လေ​အာ၌ လက်​ဖွဲ့​လျက်၊ ထို​သ​မီး​ကို​ဆောင်​သွင်း၍၊ ယာ​ကုပ်​သည်​သူ​နှင့်​ဆက်​ဆံ​လေ၏။ နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊ လာ​ဗန်​က၊ ငါ​တို့​ပြည်၌ သ​မီး​အ​ကြီး​ကို​မ​ပေး​စား​မီ၊ အ​ငယ်​ကို​မ​ပေး​စား​ရ။ ခု​နစ်​ရက်​စေ့​အောင်​ငံ့​ဦး​လော့။ နောက်​တစ်​ဖန် ခု​နစ်​နှစ်​အ​စေ​ခံ​ရ​သည်​အ​တွက်၊ ရာ​ခေ​လ​ကို​လည်း သင့်​အား​ပေး​စား​ဦး​မည်​ဟု ဆို​သည်​အ​တိုင်း၊ ယာ​ကုပ်​ဝန်​ခံ၍ ခု​နစ်​ရက်​စေ့​ပြီး​မှ၊ လာ​ဗန်​သည် ဗိ​လ​ဟာ​အ​မည်​ရှိ​သော ကျွန်​မ​ကို​လက်​ဖွဲ့​လျက်၊ သ​မီး​ရာ​ခေ​လ​ကို​ပေး​စား​လေ၏။ ယာ​ကုပ်​သည် ရာ​ခေ​လ​နှင့်​ဆက်​ဆံ၍၊ လေ​အာ​ကို​ချစ်​သည်​ထက်​သာ၍​ချစ်၏။ လာ​ဗန်​ထံ​မှာ တစ်​ဖန်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။