YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 29:14-20

ကမ္ဘာဦး 29:14-20 JBMLE

လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။ ယာ​ကုပ်​သည် တစ်​လ​ခန့်​မျှ​နေ​ပြီး​မှ၊ လာ​ဗန်​က၊ သင်​သည် ငါ့​တူ​ဖြစ်​သော​ကြောင့်၊ အ​ကျိုး​မဲ့​ကျွန်​ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့​ဟု ဆို​လေ​၏။ ထို​အ​ခါ လာ​ဗန်၌ သ​မီး​နှစ်​ယောက်​ရှိ၏။ အ​ကြီး​ကား၊ လေ​အာ​အ​မည်​ရှိ၏။ အ​ငယ်​ကား၊ ရာ​ခေ​လ​အ​မည်​ရှိ၏။ လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ လာ​ဗန်​အား၊ ဦး​မင်း​သ​မီး​အ​ငယ်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ၊ ခု​နစ်​နှစ်​အ​စေ​ခံ​ပါ​မည်​ဟု​ဆို​လျှင်၊ လာ​ဗန်​က၊ အ​ခြား​သော​သူ​အား ပေး​စား​သည်​ထက်၊ သင့်​အား​ပေး​စား​သော် သာ၍​ကောင်း၏။ ငါ​နှင့်​အ​တူ​နေ​လော့​ဟု​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။ ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ ခု​နစ်​နှစ်​ကို နည်း​သော​နေ့​ရက်​ကဲ့​သို့​ထင်​မှတ်​သ​တည်း။