YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 24

24
ဣ​ဇာက်​အ​တွက်​မ​ယား​ရှာ​ပေး​ခြင်း
1အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ 2အာ​ဗြ​ဟံ​သည်၊ မိ​မိ​အိမ်​သား​တို့​တွင်​အ​သက်​ကြီး၍ ဘ​ဏ္ဍာ​စိုး​လုပ်​သော​သူ​ကို​ခေါ်​လျက်၊ 3သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊ 4ငါ့​ပြည်​ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဣ​ဇာက်​အ​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု၊ သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌​ထား​ပြီး​မှ၊ ကောင်း​ကင်​မြေ​ကြီး​အ​ရှင်​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍၊ ငါ​ကျိန်​ဆို​စေ​ပါ​မည်​ဟု​ဆို၏။ 5ကျွန်​က​လည်း၊ မိန်း​မ​သည် ဤ​ပြည်​သို့ မ​လိုက်​မ​လာ​လို​လျှင်၊ ကိုယ်​တော်​ထွက်​လာ​သော​ပြည်​သို့ ကိုယ်​တော်၏​သား​ကို တစ်​ဖန်​ကျွန်​တော်​ခေါ်​သွား​ရ​ပါ​မည်​လော​ဟု မေး​လေ​သော်၊ 6အာ​ဗြ​ဟံ​က၊ ထို​ပြည်​သို့ ငါ့​သား​ကို​ခေါ်၍​မ​သွား​နှင့်။ သ​တိ​ပြု​လော့။ 7ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။ 8မိန်း​မ​သည် သင်​နှင့်​အ​တူ​မ​လိုက်​လို​လျှင်၊ သင်​သည်၊ ယ​ခု​ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ငါ့​သား​ကို ထို​ပြည်​သို့​ခေါ်၍ မ​သွား​နှင့်​ဟု​ဆို​ပြီး​မှ၊ 9ကျွန်​သည် သ​ခင်​အာ​ဗြ​ဟံ၏​ပေါင်​အောက်၌ လက်​ကို​ထား၍ ထို​အ​မှု၌​ကျိန်​ဆို​လေ၏။
10ထို​ကျွန်​သည်​လည်း၊ မိ​မိ​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို စီ​ရင်​သော​သူ​ဖြစ်၍၊ သ​ခင်၏​ကု​လား​အုတ်​စု​ထဲ​က၊ ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ၍​ထ​သွား​သ​ဖြင့်၊ မေ​သော​ပေါ​တာ​မိ​တိုင်း၊ နာ​ခေါ်​မြို့​သို့ ရောက်​လေ၏။ 11မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊ 12အ​ကျွန်ုပ်၏​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ယ​နေ့​အ​ကျွန်ုပ်​အ​ကြံ​ကို​ထ​မြောက်​စေ၍၊ အ​ကျွန်ုပ်၏​သ​ခင်​အာ​ဗြ​ဟံ၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​ဟု၊ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ 13အ​ကျွန်ုပ်​သည်၊ ဤ​ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ထို​မြို့​သူ​သ​တို့​သ​မီး​တို့​သည်၊ ရေ​ခပ်​ခြင်း​ငှာ​လာ​ကြ​သည်​တွင်၊ 14အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။
15ထို​သို့​လျှောက်​ဆို၍​မ​ပြီး​မီ၊ အာ​ဗြ​ဟံ​အစ်​ကို​နာ​ခေါ်​မ​ယား၊ မိ​လ​ခါ​သား၊ ဗေ​သွေ​လ၏​သ​မီး​ရေ​ဗ​က္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်​ကို​မြင်၏။ 16ထို​သ​တို့​သ​မီး​သည်၊ အ​လွန်​အ​ဆင်း​လှ၍၊ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သေး​သော က​ညာ​ဖြစ်၏။ ရေ​တွင်း​သို့​ဆင်း၍၊ ရေ​ဘူး​ကို​ရေ​နှင့်​ဖြည့်​ပြီး​မှ တက်​လာ၏။ 17ကျွန်​သည်​လည်း၊ ထို​မိန်း​မ​နှင့် တွေ့​ခြင်း​ငှာ​ပြေး၍၊ သင်၏​ရေ​ဘူး၌ ရေ​အ​နည်း​ငယ်​ကို သောက်​ပါ​ရ​စေ​ဟု​ဆို​လေ​သော်၊ 18မိန်း​မ​က၊ သောက်​ပါ​လော့​အ​ရှင်​ဟု​ဆို​သ​ဖြင့်၊ မိ​မိ​လက်​ပေါ်​မှာ၊ အ​လျင်​အ​မြန်​ရေ​ဘူး​ကို​ချ၍၊ ရေ​ကို​ပေး​လေ၏။ 19ရေ​ကို​ပေး​ပြီး​လျှင်၊ သင်၏​ကု​လား​အုတ်​တို့​သည်​လည်း၊ ဝ​စွာ သောက်​စ​ရာ​ဖို့​ရေ​ခပ်​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ 20အ​လျင်​အ​မြန်​ဘူး၌​ရှိ​သော​ရေ​ကို ရေ​တိုက်​ခွက်​ထဲ၌​လောင်း​ပြီး​လျှင်၊ တစ်​ဖန်​ခပ်​ခြင်း​ငှာ​ရေ​တွင်း​သို့​ပြေး၍၊ ကု​လား​အုတ်​အ​ဖို့ ရေ​ခပ်​လေ၏။ 21ယောက်ျား​သည် ထို​မိန်း​မ​ကို​အံ့​ဩ၍၊ မိ​မိ​ရောက်​လာ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပြု​စု​တော်​မူ​သည်၊ မ​မူ​သည်​ကို​သိ​လို၍၊ တိတ်​ဆိတ်​စွာ​နေ​လေ၏။ 22ကု​လား​အုတ်​များ​ကို ရေ​သောက်​စေ​ပြီး​သော​နောက်၊ ယောက်ျား​သည်၊ အ​ချိန်​ငါး​မူး​ရှိ​သော ရွှေ​နှာ​ဆွဲ၊ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​လက်​ကောက်​တစ်​ရံ​ကို​ထုတ်၍၊ 23သင်​သည် အ​ဘယ်​သူ၏​သ​မီး​ဖြစ်​သ​နည်း။ ကျွန်ုပ်​ကို​ပြော​ပါ။ သင်၏​အ​ဘ​အိမ်၌ ကျွန်ုပ်​တို့​တည်း​ခို​စ​ရာ​အ​ရပ်​ရှိ​သ​လော​ဟု မေး​လေ​သော်၊ 24မိန်း​မ​က၊ ကျွန်ုပ်​သည် နာ​ခေါ်၏​မ​ယား​မိ​လ​ခါ​ဖွား​မြင်​သော၊ ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ 25ကျွန်ုပ်​တို့၌ မြက်​ခြောက်​များ၊ စား​ဖွယ်​သောက်​ဖွယ်​များ​နှင့် တည်း​ခို​စ​ရာ​အ​ရပ်​လည်း​ရှိ​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ 26ထို​အ​ခါ​ယောက်ျား​သည် ဦး​ညွှတ်​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လျက်၊ 27က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။ 28သ​တို့​သ​မီး​သည်​လည်း​ပြေး၍ အ​မိ၏​အိမ်၌ ဤ​အ​ရာ​များ​ကို ကြား​ပြော​လေ၏။
29ရေ​ဗ​က္က၌ လာ​ဗန်​အ​မည်​ရှိ​သော မောင်​တစ်​ယောက်​ရှိ၏။ လာ​ဗန်​သည် ယောက်ျား​ရှိ​ရာ ရေ​တွင်း​သို့​ပြေး၏။ 30သူ​သည်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ နှ​မ​လက်၌ လက်​ကောက်​ကို​လည်း​ကောင်း​မြင်၍၊ ထို​ယောက်ျား​သည်​ကျွန်ုပ်​ကို ဤ​သို့​ပြော​သည်​ဟု၊ နှ​မ​ရေ​ဗ​က္က​ဆို​သော​စ​ကား​ကို ကြား​သော​အ​ခါ၊ ရေ​တွင်း၌ ကု​လား​အုတ်​အ​နား​မှာ​ရပ်​နေ​သော​ယောက်ျား​ထံ​သို့ ရောက်​သော​အ​ခါ၊ 31ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ၊ ကျွန်ုပ်​အိမ်​သို့​ဝင်​ပါ​လော့။ ပြင်၌​အ​ဘယ်​ကြောင့် ရပ်​နေ​သ​နည်း။ အိမ်​ကို​လည်း​ကောင်း၊ ကု​လား​အုတ်​များ​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ကျွန်ုပ်​ပြင်​ပါ​ပြီ​ဟု​ဆို​သ​ဖြင့်၊ 32ယောက်ျား​ကို​အိမ်​သို့​သွင်း၍ ကု​လား​အုတ်​တို့​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ သူ​တို့​အား​မြက်​ခြောက်​နှင့် စား​စ​ရာ​ကို​ပေး၏။ ယောက်ျား​ခြေ၊ လိုက်​သော သူ​တို့​ခြေ​ဆေး​ဖို့​ရေ​ကို​လည်း​ပေး​လေ၏။ 33သူ့​ရှေ့​မှာ​စား​စ​ရာ​ကို​ထည့်​သော​အ​ခါ၊ သူ​က၊ ကျွန်ုပ်​သည် ကိုယ်​အ​မှု​ကို​မ​ပြော​မီ​မ​စား​လို​ပါ​ဟု​ဆို​လျှင်၊ ပြော​ပါ​ဟု​ဆို၏။ 34ယောက်ျား​က​လည်း၊ ကျွန်ုပ်​ကား​အာ​ဗြ​ဟံ၏​ကျွန်​ဖြစ်​ပါ၏။ 35ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။ 36ကျွန်ုပ်​သ​ခင်၏​မ​ယား​စာ​ရာ​သည်၊ သ​ခင်​အ​သက်​အို​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​မြင်​သ​ဖြင့်၊ ထို​သား​အား​ဥ​စ္စာ​ရှိ​သ​မျှ​ကို သ​ခင်​သည်​အပ်​ပေး​ပြီ။ 37ကျွန်ုပ်၏​သ​ခင်​က​လည်း၊ သင်​သည်​ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​ဘဲ၊ 38ငါ့​အ​ဘ၏​အိမ်၊ ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု အ​ကျွန်ုပ်​ကို​ကျိန်​ဆို​စေ၏။ 39အ​ကျွန်ုပ်​က​လည်း၊ မိန်း​မ​သည်​မ​လိုက်​လို​လျှင် အ​ဘယ်​သို့​နည်း​ဟု သ​ခင်​ကို​မေး​လေ​သော်၊ 40သ​ခင်​က၊ အ​ကြင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ရှေ့​တော်၌ ငါ​သွား​လာ၏၊ ထို​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင်​နှင့်​အ​တူ​စေ​လွှတ်၍၊ သင်​သွား​သော​အ​မှု​ကို ပြု​စု​တော်​မူ​သ​ဖြင့်၊ ငါ့​အ​မျိုး​သား​ချင်း၊ ငါ့​အ​ဘ၏​အိမ်​ထဲ​က ငါ့​သား​ဖို့​မ​ယား​ကို​ယူ​ရ​မည်။ 41ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ထို​သူ​တို့​သည်​မိန်း​မ​ကို​မ​ပေး​သော်​လည်း၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​ဟု​ပြော၏။ 42ကျွန်ုပ်​သည်​ယ​နေ့​ရေ​တွင်း​သို့ ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သ​ခင် အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ရောက်​လာ​သော​အ​မှု​ကို ယ​ခု​ပြု​စု​တော်​မူ​လျှင်၊ 43အ​ကျွန်ုပ်​သည် ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ရေ​ခပ်​ခြင်း​ငှာ​လာ​သော အ​ကြင်​သ​မီး​က​ညာ​ကို၊ ကျွန်ုပ်​သောက်​ဖို့ သင်၏​ရေ​ဘူး၌​ရေ​အ​နည်း​ငယ်​ကို ပေး​ပါ​ဟု​တောင်း​သော်၊ 44သောက်​ပါ။ သင်၏​ကု​လား​အုတ်​တို့​ဖို့​လည်း ရေ​ခပ်​ပါ​မည်​ဟု ပြန်​ဆို​သော​သ​မီး​က​ညာ​သည်၊ ကိုယ်​တော်​ကျွန်၏​သား​ဖို့၊ ခန့်​ထား​တော်​မူ​သော မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု​လျှောက်​ဆို၏။ 45ထို​သို့​စိတ်​နှ​လုံး၌ လျှောက်​ဆို၍​မ​ပြီး​မီ၊ ရေ​ဗ​က္က​သည် ရေ​ဘူး​ကို ထမ်း​လျက်​ထွက်​လာ​သ​ဖြင့်၊ ရေ​တွင်း​သို့​ဆင်း၍ ရေ​ခပ်​သည်​ကို ကျွန်ုပ်​မြင်​လျှင်၊ ရေ​သောက်​ပါ​ရ​စေ​ဟု သူ့​ကို​တောင်း​လေ​သော်၊ 46သူ​သည်​အ​လျင်​အ​မြန်​ပ​ခုံး​ပေါ်​က ရေ​ဘူး​ကို​ချ​လျက်၊ သောက်​ပါ​လော့။ သင်၏ ကု​လား​အုတ်​တို့​ကို​လည်း၊ ရေ​တိုက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်ုပ်​သောက်​ရ၏။ ကု​လား​အုတ်​တို့​ကို​လည်း ရေ​တိုက်​လေ၏။ 47ကျွန်ုပ်​က​လည်း၊ သင်​သည် အ​ဘယ်​သူ၏​သ​မီး​ဖြစ်​သ​နည်း​ဟု​မေး​သော်၊ သူ​က၊ ကျွန်ုပ်​သည် မိ​လ​ခါ​ဖွား​မြင်​သော နာ​ခေါ်​သား​ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည် ဟု​ပြော​ဆို၏။ ကျွန်ုပ်​သည်​လည်း၊ သူ၏​မျက်​နှာ၌ နှာ​ဆွဲ​ကို​လည်း​ကောင်း၊ သူ၏​လက်၌ လက်​ကောက်​တို့​ကို​လည်း​ကောင်း​ထည့်​ပြီး​လျှင်၊ 48ဦး​ညွှတ်​ချ၍၊ ကျွန်ုပ်​သ​ခင်​အစ်​ကို၏​မြေး​ကို သ​ခင်၏​သား​ဖို့​ယူ​စေ​ခြင်း​ငှာ၊ မှန်​သော​လမ်း​ဖြင့်​ပို့​ဆောင်​တော်​မူ​သော ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၍ ကိုး​ကွယ်​လေ၏။ 49ယ​ခု​တွင်​သင်​တို့​သည်၊ ကျွန်ုပ်​သ​ခင်၌ သ​စ္စာ​နှင့်​ကျေး​ဇူး​ပြု​မည်၊ မ​ပြု​မည်​ကို​ပြော​ပါ။ ကျွန်ုပ်​သည်​လည်း၊ လက်​ယာ​လမ်း​ဖြစ်​စေ၊ လက်​ဝဲ​လမ်း​ဖြစ်​စေ၊ တစ်​လမ်း​လမ်း​သို့ လိုက်​သွား​ပါ​မည်​ဟု ပြော​ဆို၏။
50လာ​ဗန်​နှင့် ဗေ​သွေ​လ​တို့​က​လည်း၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ဖြစ်၏။ အ​ကျွန်ုပ်​တို့​သည်၊ သင့်​အား ကောင်း​မ​ကောင်း​ကို မ​ပြော​နိုင်​ပါ။ 51ရေ​ဗ​က္က​သည် သင့်​ရှေ့၌​ရှိ​ပါ၏။ ယူ​သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သ​ခင်​သား၏​မ​ယား​ဖြစ်​စေ​ဟု ပြန်​ဆို၏။ 52ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​ဗြ​ဟံ​ကျွန်​သည် ဦး​ညွှတ်​ချ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ပြီး​မှ၊ 53ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ​များ​ကို​ထုတ်၍ ရေ​ဗ​က္က​အား​ပေး၏။ သူ၏​အ​မိ၊ မောင်​အား​လည်း၊ အ​ဖိုး​ထိုက်​သော လက်​ဆောင်​ကို​ပေး၏။ 54သူ​နှင့် သူ၏​အ​ဖော်​အ​ပေါင်း​တို့​သည်၊ စား​သောက်၍ ည​ကို​လွန်​စေ​ပြီး​မှ၊ နံ​နက်​ယံ၌​ထ​လျက်၊ ကျွန်ုပ်​သည်၊ သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ​ဟု ဆို​လေ​သော်၊ 55မောင်​နှင့်​အ​မိ​က၊ မိန်း​မ​က​လေး​သည်၊ ကျွန်ုပ်​တို့​ထံ​မှာ၊ ဆယ်​ရက်​ခန့်​လောက်​နေ​ပါ​စေ​ဦး။ နောက်​မှ၊ သူ့​ကို​သွား​ပါ​စေ​မည်​ဟု ဆို​ကြ၏။ 56ထို​သူ​က​လည်း၊ ကျွန်ုပ်​ကို​မ​ဆီး​တား​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်ုပ်​ရောက်​လာ​သော​အ​မှု​ကို ပြု​စု​တော်​မူ​ပြီ။ ကျွန်ုပ်​သည် သ​ခင်​ထံ​သို့​သွား​ရ​သော​အ​ခွင့်​ကို ပေး​ပါ​လော့​ဟု​ဆို​လျှင်၊ 57သူ​တို့​က၊ မိန်း​က​လေး​ကို​ခေါ်၍၊ သူ့​အ​လို​ကို​မေး​ပါ​ဦး​မည်​ဟု​ဆို​သည်​နှင့်၊ 58ရေ​ဗ​က္က​ကို​ခေါ်၍ သင်​သည် ဤ​လူ​နှင့်​အ​တူ​ယ​ခု​လိုက်​မည်​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​လိုက်​ပါ​မည်​ဟု​ဆို၏။ 59သို့​ဖြစ်၍၊ မိ​မိ​နှ​မ​ရေ​ဗ​က္က​နှင့် သူ၏​အ​ထိန်း​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​ကျွန်​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း လွှတ်​လိုက်​ကြ၏။ 60ရေ​ဗ​က္က​ကို​လည်း၊ သင်​သည်​ကျွန်ုပ်​တို့၏​နှ​မ​ဖြစ်၏။ အ​သောင်း​အ​သိန်း​တို့၏​အ​မိ ဖြစ်​ပါ​စေ​သော။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏ တံ​ခါး​များ​ကို​အ​စိုး​ရ​ပါ​စေ​သော​ဟု ကောင်း​ချီး​ပေး​ကြ၏။ 61ရေ​ဗ​က္က​နှင့် သူ၏​မိန်း​မ​ငယ်​တို့​သည်​ထ၍၊ ကု​လား​အုတ်​ကို​စီး​လျက်၊ ထို​ယောက်ျား​နှင့်​အ​တူ​လိုက်​ကြ၏။ ထို​သို့ အာ​ဗြ​ဟံ​ကျွန်​သည် ရေ​ဗ​က္က​ကို​ဆောင်​ယူ သွား​လေ၏။
62ထို​အ​ခါ တောင်​ပြည်​အ​တွင်း၌​နေ​သော​ဣ​ဇာက်​သည်၊ ဗေ​ရ​လ​ဟဲ​ရော​လမ်း​ဖြင့် ရောက်​လာ​သည်​ဖြစ်၍၊ 63ညဉ့်​ဦး​အ​ချိန်၌ ဆင်​ခြင်​လို​သော​ငှာ၊ တော​အ​ရပ်​သို့​ထွက်​သွား၍၊ မျှော်​ကြည့်​လျှင်၊ ကု​လား​အုတ်​များ​လာ​သည်​ကို မြင်​လေ၏။ 64ရေ​ဗ​က္က​သည်​လည်း၊ မျှော်​ကြည့်၍ ဣ​ဇာက်​ကို​မြင်​သော​အ​ခါ၊ ကု​လား​အုတ်​အ​ပေါ်​မှ​ဆင်း​ပြီး​လျှင်၊ 65ကျွန်ုပ်​တို့​ကို ကြို​ဆို​ခြင်း​ငှာ၊ တော၌​လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ​နည်း​ဟု ကျွန်​ကို​မေး​လေ​သော်၊ ကျွန်​က၊ ထို​သူ​သည် ကျွန်ုပ်​သ​ခင်​ဖြစ်​ပါ၏​ဟု ပြော​ဆို​သော​စ​ကား​ကို​ကြား​လျှင်၊ ရေ​ဗ​က္က​သည်​မျက်​နှာ​ဖုံး​ကို​ယူ၍ ဖုံး​လေ၏။ 66ကျွန်​သည်​လည်း၊ မိ​မိ​ပြု​လေ​သ​မျှ​တို့​ကို ဣ​ဇာက်​အား​ကြား​ပြော​ပြီး​မှ၊ 67ဣ​ဇာက်​သည် မိ​မိ​အ​မိ​စာ​ရာ၏​တဲ​သို့ ရေ​ဗ​က္က​ကို​ဆောင်​ယူ၍ စုံ​ဖက်​လေ၏။ ရေ​ဗ​က္က​ကို​ချစ်​နှစ်​မြို့​သ​ဖြင့်၊ အ​မိ​သေ​သော​အ​မှု၌ သက်​သာ​ခြင်း​သို့​ရောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။