YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 22

22
ဣ​ဇာက်​ကို​ပူ​ဇော်​စေ​ခြင်း
1ထို​နောက်​မှ ဘု​ရား​သ​ခင်​သည်၊ အာ​ဗြ​ဟံ​ကို​စုံ​စမ်း​ခြင်း​ငှာ၊ အာ​ဗြ​ဟံ​ဟု ခေါ်​တော်​မူ၍ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ​၏​ဟု​လျှောက်​လျှင်၊ 2သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။#၆ ရာ၊ ၃:၁။
3အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။ 4သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊ 5ငယ်​သား​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ဤ​အ​ရပ်၌​မြည်း​နှင့် အ​တူ​နေ​ရစ်​ကြ​လော့။ ငါ​သည်​သား​နှင့်​အ​တူ ထို​အ​ရပ်​သို့​သွား၍၊ ကိုး​ကွယ်​ခြင်း​ကို​ပြု​အံ့။ ထို​အ​မှု​ပြီး​မှ၊ သင်​တို့​ဆီ​သို့​ပြန်​လာ​ဦး​မည်​ဟု ဆို​လေ​၏။ 6ထို​အ​ခါ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ယူ၍၊ သား​ဣ​ဇာက်​အ​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မီး​နှင့်​ဓား​ကို မိ​မိ​လက်၌​ကိုင်​လျက်၊ နှစ်​ယောက်​အ​တူ​သွား​ကြ​၏။ 7သွား​ကြ​စဉ်​တွင်၊ ဣ​ဇာက်​သည် အ​ဘ​အာ​ဗြ​ဟံ​ကို အ​ဘ​ဟု​ခေါ်​လျှင်၊ ငါ့​သား၊ ငါ​ရှိ၏​ဟု​ထူး​လေ​၏။ ဣ​ဇာက်​က​လည်း မီး​ပါ​၏၊ ထင်း​လည်း​ပါ၏။ ယဇ်​ရှို့​စ​ရာ​ဖို့​သိုး​သ​ငယ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင်၊ 8အာ​ဗြ​ဟံ​က ငါ့​သား၊ ယဇ်​ရှို့​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ဖို့​ပြင်​ဆင်​တော်​မူ​လိမ့်​မည်​ဟု ဆို​လေ၏။ 9ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။#ယာ၊ ၂:၂၁။ 10မိ​မိ​လက်​ကို​ဆန့်၍၊ သား​ကို​သတ်​ခြင်း​ငှာ၊ ဓား​ကို​ကိုင်​ယူ​လေ၏။
11ထို​အ​ခါ၊ ထာ​ဝရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​ဟု ကောင်း​ကင်​ပေါ်​က​ခေါ်​လေ၏။ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု​လျှောက်​လျှင်၊ 12ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။
13ထို​အ​ခါ အာ​ဗြ​ဟံ​သည်​မျှော်​ကြည့်၍၊ မိ​မိ​နောက်​မှာ ချုံ​ပုတ်၌ ချို​ညှိ​လျက်​ရှိ​သော​သိုး​ကို​မြင်​လေ၏။ ထို​သိုး​ကို​သွား၍​ယူ​ပြီး​လျှင်၊ မိ​မိ​သား​ကိုယ်​စား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လေ၏။#ဟေဗြဲ၊ ၁၁:၁၇-၁၉။
14ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။
15တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ပေါ်​က အာ​ဗြ​ဟံ​ကို​ခေါ်​လျက်၊ 16သင်​သည် ဤ​အ​မှု​ကို​ပြု၍၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို၊ ငါ့​အား​မ​ငြင်း​သော​ကြောင့်၊#ဟေဗြဲ၊ ၆:၁၃-၁၄။ 17ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။#ဟေဗြဲ၊ ၁၁:၁၂။ 18သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်၊ လူ​မျိုး​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ၏​စ​ကား​ကို​သင်​နား​ထောင်​သော​ကြောင့်၊ ငါ​သည်​ကိုယ်​ကို ကိုယ်​တိုင်​တည်၍​ကျိန်​ဆို၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လေ၏။#တ၊ ၃:၂၅။ 19ထို​အ​ခါ​အာ​ဗြ​ဟံ​သည် ငယ်​သား​တို့​ရှိ​ရာ​သို့ ပြန်၏။ သူ​တို့​သည် ထ​ပြီး​လျှင် ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ လိုက်​သွား​ကြ၏။ ထို​အ​ရပ်၌ အာ​ဗြ​ဟံ​နေ​လေ၏။
နာ​ခေါ်​၏​သား​သ​မီး​များ
20ထို​နောက်​မှ၊ အာ​ဗြ​ဟံ​ကြား​သော​သ​တင်း​စ​ကား​ဟူ​မူ​ကား၊ သင်၏​အစ်​ကို​နာ​ခေါ်​မ​ယား​မိ​လ​ခါ​သည် သား​ကို​ဖွား​မြင်​လေ​ပြီ။ 21သား​အ​ကြီး​ဟု​ဇ၊ သူ့​ညီ​ဗု​ဇ၊ အာ​ရံ​အ​ဘ​ကေ​မွေ​လ၊ 22ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်၊ ဗေ​သွေ​လ​တည်း​ဟူ​သော၊ 23သား​ရှစ်​ယောက်​တို့​ကို၊ အာ​ဗြ​ဟံ​အစ်​ကို နာ​ခေါ်၏​မ​ယား​မိ​လ​ခါ ဖွား​မြင်​လေ၏။ ဗေ​သွေ​လ​ကား၊ ရေ​ဗ​က္က​အ​ဘ​တည်း။ 24ရု​မာ​အ​မည်​ရှိ​သော နာ​ခေါ်၏​မ​ယား​ငယ်​သည်​လည်း တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ၊ မာ​ခါ​တို့​ကို ဖွား​မြင်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။