YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 22:1-12

ကမ္ဘာဦး 22:1-12 JBMLE

ထို​နောက်​မှ ဘု​ရား​သ​ခင်​သည်၊ အာ​ဗြ​ဟံ​ကို​စုံ​စမ်း​ခြင်း​ငှာ၊ အာ​ဗြ​ဟံ​ဟု ခေါ်​တော်​မူ၍ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ​၏​ဟု​လျှောက်​လျှင်၊ သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။ အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။ သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊ ငယ်​သား​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ဤ​အ​ရပ်၌​မြည်း​နှင့် အ​တူ​နေ​ရစ်​ကြ​လော့။ ငါ​သည်​သား​နှင့်​အ​တူ ထို​အ​ရပ်​သို့​သွား၍၊ ကိုး​ကွယ်​ခြင်း​ကို​ပြု​အံ့။ ထို​အ​မှု​ပြီး​မှ၊ သင်​တို့​ဆီ​သို့​ပြန်​လာ​ဦး​မည်​ဟု ဆို​လေ​၏။ ထို​အ​ခါ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ယူ၍၊ သား​ဣ​ဇာက်​အ​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မီး​နှင့်​ဓား​ကို မိ​မိ​လက်၌​ကိုင်​လျက်၊ နှစ်​ယောက်​အ​တူ​သွား​ကြ​၏။ သွား​ကြ​စဉ်​တွင်၊ ဣ​ဇာက်​သည် အ​ဘ​အာ​ဗြ​ဟံ​ကို အ​ဘ​ဟု​ခေါ်​လျှင်၊ ငါ့​သား၊ ငါ​ရှိ၏​ဟု​ထူး​လေ​၏။ ဣ​ဇာက်​က​လည်း မီး​ပါ​၏၊ ထင်း​လည်း​ပါ၏။ ယဇ်​ရှို့​စ​ရာ​ဖို့​သိုး​သ​ငယ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင်၊ အာ​ဗြ​ဟံ​က ငါ့​သား၊ ယဇ်​ရှို့​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ဖို့​ပြင်​ဆင်​တော်​မူ​လိမ့်​မည်​ဟု ဆို​လေ၏။ ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။ မိ​မိ​လက်​ကို​ဆန့်၍၊ သား​ကို​သတ်​ခြင်း​ငှာ၊ ဓား​ကို​ကိုင်​ယူ​လေ၏။ ထို​အ​ခါ၊ ထာ​ဝရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​ဟု ကောင်း​ကင်​ပေါ်​က​ခေါ်​လေ၏။ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု​လျှောက်​လျှင်၊ ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။

​ကမ္ဘာဦး 22:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။