YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 12:10-20

ကမ္ဘာဦး 12:10-20 JBMLE

ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။ အဲ​ဂု​တ္တု​ပြည်​နှင့်​နီး​သော​အ​ခါ၊ မိ​မိ​မ​ယား​စာ​ရဲ​ကို၊ သင်​သည် အ​ဆင်း​လှ​သော​မိန်း​မ​ဖြစ်​သည်​ကို​ငါ​သိ၏။ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​ကို​မြင်​သော​အ​ခါ၊ ဤ​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်၏​ဟု​ဆို​လျက်၊ ငါ့​ကို​သတ်၍ သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ငါ့​နှ​မ​ဖြစ်​ကြောင်း​ကို​ပြော​ပါ​လော့။ သို့​ပြော​လျှင် သင့်​အ​တွက် ငါ​ကောင်း​စား​လိမ့်​မည်။ သင်၏​ကျေး​ဇူး​အား​ဖြင့် ငါ​အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု ဆို၏။ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ သူ၏​မ​ယား​သည် အ​လွန်​အ​ဆင်း​လှ​သည်​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​မြင်​ကြ၏။ ဖာ​ရော​ဘု​ရင်၏​မှူး​တော်​မတ်​တော်​တို့​လည်း​မြင်၍၊ ရှေ့​တော်၌​ချီး​မွမ်း​ပြီး​လျှင်၊ နန်း​တော်​သို့​သွင်း​ရ​ကြ၏။ ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​အ​တွက်​ကြောင့်၊ ဖာ​ရော​ဘု​ရင်​မှ​စ၍ နန်း​တော်​သား​တို့​ကို ကြီး​သော​ဘေး​ဒဏ်​ဖြင့် ဆုံး​မ​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။ ငါ​သည် သူ့​ကို​သိမ်း​ပိုက်​စေ​ခြင်း​ငှာ၊ သူ​သည် ငါ့​နှ​မ​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။ သင်၏​မ​ယား​ကို ယ​ခု​ယူ၍​သွား​လော့​ဟု အ​မိန့်​ရှိ၏။ ထို​သို့​အာ​ဗြံ​အ​မှု​ကို​စီ​ရင်၍၊ မိ​မိ​လူ​တို့​အား​မှာ​ထား​သ​ဖြင့်၊ သူ​တို့​သည် အာ​ဗြံ၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့်​တ​ကွ၊ သ​မီး​မောင်​နှံ​တို့​ကို လွှတ်​လိုက်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။