YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 12:1-9

ကမ္ဘာဦး 12:1-9 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အာ​ဗြံ​ကို​ခေါ်​တော်​မူ၍၊ သင်၏​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း​ပေါက်​ဖော်​များ​ထဲ​က ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့။ ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြံ​ထွက်​သွား၍ လော​တ​လည်း​လိုက်​လေ၏။ အာ​ဗြံ​သည် ခါ​ရန်​မြို့​မှ​ထွက်​သွား​သော​အ​ခါ အ​သက်​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ၏။ အာ​ဗြံ​သည် မ​ယား​စာ​ရဲ၊ အစ်​ကို​သား​လော​တ​နှင့်၊ ဥ​စ္စာ​ရ​တတ်​သ​မျှ​ကို​လည်း​ကောင်း၊ ခါ​ရန်​မြို့၌​ရ​သော လူ​တို့​ကို​လည်း​ကောင်း၊ ယူ​ပြီး​လျှင် ခါ​နာန်​ပြည်​သို့​ရောက်​ခြင်း​ငှာ၊ ထွက်​သွား၍၊ ထို​ပြည်​သို့ ရောက်​ကြ၏။ အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။ ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။ အာ​ဗြံ​သည် ခ​ရီး​သွား​လျက်၊ ပြောင်း​လျက်၊ တောင်​မျက်​နှာ​သို့​ရောက်​လေ၏။

​ကမ္ဘာဦး 12:1-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။