YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 11:1-9

ကမ္ဘာဦး 11:1-9 JBMLE

မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ဘာ​သာ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​ကြ​သည်​ဖြစ်၍၊ အ​ရှေ့​မျက်​နှာ​မှ​ခ​ရီး​သွား​သ​ဖြင့်၊ ရှိ​နာ​ပြည်၌ မြေ​ညီ​ရာ​အ​ရပ်​ကို​တွေ့၍ နေ​ရာ​ချ​ကြ၏။ သူ​တို့​က​လည်း လာ​ကြ။ အုတ်​လုပ်၍ ခိုင်​မာ​စွာ​ဖုတ်​ကြ​ကုန်​အံ့​ဟု၊ တစ်​ယောက်​ကို တစ်​ယောက်​ပြော​ကြ၏။ ထို​သို့ ကျောက်​အ​ရာ၌​အုတ်​ကို​လည်း​ကောင်း၊ သ​ရွတ်​အ​ရာ၌ ရေ​ညှိ​တစ်​မျိုး​ကို​လည်း​ကောင်း​ရ​ပြီး​လျှင်၊ လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။ ထို​သို့ လူ​သား​တို့​တည်​လုပ်​သော​မြို့​နှင့် ရဲ​တိုက်​ကို​ကြည့်​ရှု​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​သက်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ လူ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​သည်​ဖြစ်၍၊ သူ​တို့​သည် ဤ​အ​မှု​ကို​အ​ဦး​ပြု​ကြ၏။ ယ​ခု​ကြံ​စည်​သ​မျှ​တို့​ကို အ​ဆီး​အ​တား​မ​ရှိ၊ သူ​တို့​ပြု​ကြ​လိမ့်​မည်။ လာ​ကြ၊ ဆင်း​သက်​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​ချင်း​ချင်း​နား​မ​လည်​စေ​ခြင်း​ငှာ၊ သူ​တို့​စ​ကား​ကို​ရှုတ်​ထွေး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြို့​ကို​မ​တည်​ဘဲ နေ​ကြ၏။ သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။