YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:7-18

ဂလာတိ 5:7-18 JBMLE

အ​ထက်​က​သင်​တို့​သည် ကောင်း​မွန်​စွာ ပြေး​ကြ၏။ သို့​ဖြစ်၍ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ ဆီး​တား​သ​နည်း။- ယ​ခု​ယူ​သော​အ​ယူ​ကား၊ သင်​တို့​ကို ခေါ်​တော်​မူ​သော သူ၏​ဩ​ဝါ​ဒ​ကို အ​မှီ​ပြု၍ ယူ​သော​အ​ယူ​မ​ဟုတ်။- အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်၏။- သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။- တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။- သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။- သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။ ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။- သို့​သော်​လည်း ဝိ​ညာဉ်​ပ​က​တိ​အ​လို​သို့ လိုက်​လျှင် ပ​ညတ်​တ​ရား​နှင့် လွတ်​ကြ၏။