YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:7-18

ဂလာတိ 5:7-18 Judson Bible (JBMLE)

အ​ထက်​က​သင်​တို့​သည် ကောင်း​မွန်​စွာ ပြေး​ကြ၏။ သို့​ဖြစ်၍ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ ဆီး​တား​သ​နည်း။- ယ​ခု​ယူ​သော​အ​ယူ​ကား၊ သင်​တို့​ကို ခေါ်​တော်​မူ​သော သူ၏​ဩ​ဝါ​ဒ​ကို အ​မှီ​ပြု၍ ယူ​သော​အ​ယူ​မ​ဟုတ်။- အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်၏။- သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။- တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။- သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။- သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။ ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။- သို့​သော်​လည်း ဝိ​ညာဉ်​ပ​က​တိ​အ​လို​သို့ လိုက်​လျှင် ပ​ညတ်​တ​ရား​နှင့် လွတ်​ကြ၏။

ဂလာတိ 5:7-18 Common Language Bible (BCL)

ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။- ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။- ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။- သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။- သင်​တို့​ကို​နှောင့်​ယှက်​သော​သူ​တို့​သည်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရုံ​သာ​မ​က မိ​မိ​တို့ ကိုယ်​ကို​သင်း​ကွပ်​လိုက်​ကြ​လျှင်​ကောင်း​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။- ``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။- သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။ ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။- ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား​ဦး​ဆောင်​လမ်း​ပြ တော်​မူ​လျှင် သင်​တို့​သည်​ပညတ်​တ​ရား​၏​လက် အောက်​ခံ​မ​ဟုတ်​တော့​ပေ။

ဂလာတိ 5:7-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာတရား​ကို​မ​လိုက်နာ​စေရန် မည်သူ​က သင်​တို့​ကို အနှောင့်အယှက်​ပေး​သနည်း။ ဤ​သွေးဆောင်​မှု​သည် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ​လာ​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​၏။ သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​သည် အရေဖျား​လှီး​ခြင်း​တရား​ကို ဟောပြော​နေ​သေး​သည်​ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော​မှားယွင်း​စရာ​အကြောင်း​သည် ဖယ်ရှား​ခြင်း​ခံရ​ပြီ။ သင်​တို့​ကို မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​ပင် သင်းကွပ်​လိုက်​လျှင် ကောင်း​လိမ့်မည်။ ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။ အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။ သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။ ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။ သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။