YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:19-26

ဂလာတိ 5:19-26 JBMLE

ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။- ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။- သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။- အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

​ဂလာတိ 5:19-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။