YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:19-26

ဂလာတိ 5:19-26 Judson Bible (JBMLE)

ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။- ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။- သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။- အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

ဂလာတိ 5:19-26 Common Language Bible (BCL)

လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊- ငြူ​စူ​ခြင်း၊ သေ​ရည်​သောက်​ကြူး​ခြင်း၊ သောက်​စား ပျော်​ပါး​ခြင်း​အ​စ​ရှိ​သည်​တို့​ဖြစ်​၏။ ဤ​နည်း အ​တိုင်း​ပြု​ကျင့်​ကြ​သူ​တို့​သည်​ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ကို​အ​ပိုင်​ရ​ကြ​မည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။- ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။- ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။- ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။

ဂလာတိ 5:19-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊ မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။ ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။ ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။ ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။ စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။