YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:1-26

ဂလာတိ 5:1-26 JBMLE

ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။ ငါ​ပေါ​လု​ဆို​သည်​ကား၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​လျှင်၊ ခ​ရစ်​တော်​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ရ​နိုင်​ကြ။- အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​လူ​အ​ပေါင်း​တို့​အား ငါ​တစ်​ဖန် သက်​သေ​ခံ​သည်​ကား၊ ထို​သို့​သော​သူ​သည် ပ​ညတ်​တ​ရား​ကို အ​ကြွင်း​မဲ့​ကျင့်​အံ့​သော​ငှာ ကြွေး​တင်​သော​သူ ဖြစ်၏။- ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သ​မျှ​သော သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကွာ၍ ကျေး​ဇူး​တ​ရား၌​မ​တည်၊ ရွေ့​လျော့​ကြ​ပြီ။- ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။- ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။- အ​ထက်​က​သင်​တို့​သည် ကောင်း​မွန်​စွာ ပြေး​ကြ၏။ သို့​ဖြစ်၍ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ ဆီး​တား​သ​နည်း။- ယ​ခု​ယူ​သော​အ​ယူ​ကား၊ သင်​တို့​ကို ခေါ်​တော်​မူ​သော သူ၏​ဩ​ဝါ​ဒ​ကို အ​မှီ​ပြု၍ ယူ​သော​အ​ယူ​မ​ဟုတ်။- အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်၏။- သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။- တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။- သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။- သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။ ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။- သို့​သော်​လည်း ဝိ​ညာဉ်​ပ​က​တိ​အ​လို​သို့ လိုက်​လျှင် ပ​ညတ်​တ​ရား​နှင့် လွတ်​ကြ၏။- ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။- ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။- သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။- အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။