YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:1-26

ဂလာတိ 5:1-26 Judson Bible (JBMLE)

ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။ ငါ​ပေါ​လု​ဆို​သည်​ကား၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​လျှင်၊ ခ​ရစ်​တော်​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ရ​နိုင်​ကြ။- အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​လူ​အ​ပေါင်း​တို့​အား ငါ​တစ်​ဖန် သက်​သေ​ခံ​သည်​ကား၊ ထို​သို့​သော​သူ​သည် ပ​ညတ်​တ​ရား​ကို အ​ကြွင်း​မဲ့​ကျင့်​အံ့​သော​ငှာ ကြွေး​တင်​သော​သူ ဖြစ်၏။- ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သ​မျှ​သော သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကွာ၍ ကျေး​ဇူး​တ​ရား၌​မ​တည်၊ ရွေ့​လျော့​ကြ​ပြီ။- ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။- ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။- အ​ထက်​က​သင်​တို့​သည် ကောင်း​မွန်​စွာ ပြေး​ကြ၏။ သို့​ဖြစ်၍ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ ဆီး​တား​သ​နည်း။- ယ​ခု​ယူ​သော​အ​ယူ​ကား၊ သင်​တို့​ကို ခေါ်​တော်​မူ​သော သူ၏​ဩ​ဝါ​ဒ​ကို အ​မှီ​ပြု၍ ယူ​သော​အ​ယူ​မ​ဟုတ်။- အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်၏။- သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။- တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။- သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။- သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။ ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။- သို့​သော်​လည်း ဝိ​ညာဉ်​ပ​က​တိ​အ​လို​သို့ လိုက်​လျှင် ပ​ညတ်​တ​ရား​နှင့် လွတ်​ကြ၏။- ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။- ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။- သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။- အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

ဂလာတိ 5:1-26 Common Language Bible (BCL)

ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။ နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။- အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။- ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။- ငါ​တို့​မူ​ကား​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​ကို​အ​မှီ​ပြု​လျက်​ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​စောင့်​စား​မျှော်​လင့် ကြ​၏။- ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။ ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။- ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။- ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။- သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။- သင်​တို့​ကို​နှောင့်​ယှက်​သော​သူ​တို့​သည်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရုံ​သာ​မ​က မိ​မိ​တို့ ကိုယ်​ကို​သင်း​ကွပ်​လိုက်​ကြ​လျှင်​ကောင်း​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။- ``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။- သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။ ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။- ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား​ဦး​ဆောင်​လမ်း​ပြ တော်​မူ​လျှင် သင်​တို့​သည်​ပညတ်​တ​ရား​၏​လက် အောက်​ခံ​မ​ဟုတ်​တော့​ပေ။ လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊- ငြူ​စူ​ခြင်း၊ သေ​ရည်​သောက်​ကြူး​ခြင်း၊ သောက်​စား ပျော်​ပါး​ခြင်း​အ​စ​ရှိ​သည်​တို့​ဖြစ်​၏။ ဤ​နည်း အ​တိုင်း​ပြု​ကျင့်​ကြ​သူ​တို့​သည်​ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ကို​အ​ပိုင်​ရ​ကြ​မည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။- ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။- ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။- ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။

ဂလာတိ 5:1-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လွတ်လပ်​မှု​ကို​ရရှိ​စေရန် ခရစ်တော်​သည် ငါ​တို့​ကို လွတ်မြောက်​စေ​တော်မူ​ပြီ။ ထို့ကြောင့် ခိုင်မြဲ​စွာ​ရပ်တည်​လျက် ကျွန်​ထမ်းပိုး​တွင် နောက်တစ်ဖန် ချည်နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။ နားထောင်​ကြ​လော့။ ငါ​ပေါလု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အရေဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခရစ်တော်​သည် သင်​တို့​အတွက် မည်သည့်​အကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။ အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်ဖန် ငါ​သတိပေး​သည်​ကား ထို​သူ​သည် ပညတ်​တရား​အလုံးစုံ​ကို ကျင့်သုံး​ရ​မည့်​တာဝန်​ရှိ​၏။ ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခရစ်တော်​ထံမှ ဖယ်ရှား​ခြင်း​ခံရ​၍ ကျေးဇူး​တော်​ထံမှ ရွေ့လျော​သွား​ကြ​ပြီ။ အကြောင်းမူကား ငါ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​ခြင်း​ကို​ရရှိ​မည်​ဟူ​သည့်​မျှော်လင့်​ခြင်း​ကို ဝိညာဉ်​တော်​၌​အမှီပြု​လျက် စောင့်မျှော်​နေ​ကြ​၏။ ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။ သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာတရား​ကို​မ​လိုက်နာ​စေရန် မည်သူ​က သင်​တို့​ကို အနှောင့်အယှက်​ပေး​သနည်း။ ဤ​သွေးဆောင်​မှု​သည် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ​လာ​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​၏။ သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​သည် အရေဖျား​လှီး​ခြင်း​တရား​ကို ဟောပြော​နေ​သေး​သည်​ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော​မှားယွင်း​စရာ​အကြောင်း​သည် ဖယ်ရှား​ခြင်း​ခံရ​ပြီ။ သင်​တို့​ကို မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​ပင် သင်းကွပ်​လိုက်​လျှင် ကောင်း​လိမ့်မည်။ ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။ အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။ သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။ ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။ သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊ မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။ ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။ ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။ ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။ စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။