YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 3:19-29

ဂလာတိ 3:19-29 JBMLE

သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။- အာ​မ​ခံ​မည်​သည်​ကား၊ တစ်​ဖက်​နှင့်​သာ ဆိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မူ​ကား တစ်​ဖက်​ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်၏ က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ ထို​သို့ မ​ဖြစ်​နိုင်​ရာ။ အ​သက်​ရှင်​စေ​နိုင်​သော ပ​ညတ်​တ​ရား​ကို ပေး​တော်​မူ​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် ထို​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​လိမ့်​မည်။- ယ​ခု​မူ​ကား၊ ယုံ​ကြည်​သော​သူ​တို့​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​နှင့် စပ်​ဆိုင်​သော က​တိ​တော်​ကို ရ​မည်​အ​ကြောင်း ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်၌​ချုပ်​ထား၏။- ယုံ​ကြည်​ခြင်း​တ​ရား​မ​ရောက်​မီ ပ​ညတ်​တ​ရား​သည် စောင့်​နေ​သည်​ဖြစ်၍၊ ထို​အ​ခါ​ငါ​တို့​သည် နောက်၌ ထင်​ရှား​လ​တ္တံ့​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို မျှော်​လ​င့်၍ ချုပ်​ထား​လျက်​ရှိ​ကြ၏။- ထို​ကြောင့် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​စေ​ခြင်း​ငှာ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​ထံ​သို့ ငါ​တို့​ကို​ပို့​ဆောင်၍ ငါ​တို့၏ အ​ထိန်း​ဖြစ်​သ​တည်း။- ယုံ​ကြည်​ခြင်း​တ​ရား​သည် ရောက်​လာ​သော​အ​ခါ၊ ငါ​တို့​သည် ထို​အ​ထိန်း​လက်​မှ လွတ်​ကြ၏။- အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။- ခ​ရစ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။- ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။